"Boss lu ကလောလောဆယ် MV တခုရိုက်ဖို့
Qingdao ကိုသွားတယ် ညီမ က စနေ နဲ့တနင်္ဂနွေမှာရိုက်မယ့် running man အတွက် ပဲလုပ်ပေးရုံပဲ
သူပြောတာလေးတွေနည်းနည်းကူပေးရင်ရ ပြီ
လိုအပ်ရင် ခရီးထွက်ရမယ်နော်..အဆင်ပြေမလား""ဟုတ်ကဲ့အဆင်ပြေပါတယ် jie?"
"Xiaxuie ပါ xuie jie လို့ခေါ်လည်းရတယ်
ညီမလေး ကhua jie ထောက်ခံပေးထားတာဆိုတော့ယုံကြည်ပြီးသား boss lu ကိုအပ်တယ်နော်"Xiaxuiမ jie ကခပ်မြူးမြူးလေးပြောတယ်..
သူမက သိပ်မကြာခင်လက်ထပ်တော့မယ့်
မိန်းကလေးတယောက် ပီပီသိပ်လှလွန်းတယ်.."အလုပ်တွေ ဖြည်းဖြည်း ချင်း jie သင်ပေးမယ်နော်"
"ဟုတ်ကဲ့ jie ကျေးဇူးတင်ပါတယ် "
Xiue jie နဲ့စကားပြောပြီးမှ.
.ဒီအခန်း လေးကိုသေချာကြည့်မိတယ်
ဒီတော့...ဒါ က lu ရဲ့ အလုပ်ခန်းလေးပေါ့.
နံရံပေါ်မှာသူ့ရဲ့ poster မျိုးစုံကပ်ထားတယ်
လူတစ်ရပ်စာလောက်ရှိတဲ့ ပုံ
သူ့အရပ်နဲ့ တူတူလုပ်ထားတဲ့
သူ့တစ်ကိုယ်စာ stand ကြီးတောင်ရှိတယ်...
သူ့ရုံးခန်းလို့ကျမ ယူဆရတဲ့ အခန်း ဝမှာ
Iron Man ပုံအကြီးကြီးကပ်ထားတယ်
White board အကြီးကြီးတခုမှာ..
Schedule တချို့ရေးခြစ်ထားတယ်.နေရာအနှံ့မှာ
Stick notes တွေပွနေအောင်ကပ်ထားတယ်..
ရေများများသောက် မနက်စာ!!! Press conf 9.00
Sponsor ဖိနပ်တွေပြန်ပို့ထား... တို့လိုစာတွေပေါ့Lu ရဲ့ ရုံးခန်း..Lu ရဲ့အလုပ်လုပ်တဲ့နေရာ..
ဆိုတဲ့ခံစားချက်က ကျမကိုခြေဖျားလက်ဖျား
တွေအေးစက်စေတယ်.."သောကြာနေ့ တွေ့မယ်နော် Uni"
Xiue jie ကသူမဖိုင်တွေထပ်ရင်းပြောတယ်..
တကယ်တော့ ကံတရားကြီး က
အားနာစရာကောင်းလောက်အောင်သဘောကောင်းလွန်းတယ်
ဘာကိုမှထပ်စဉ်းစားမနေချင်တော့ဘူး..သောကြာနေ့...
ကျေးဇူးပြုပြီးမြန်မြန်ရောက်ပေးလို့ရမလားဟင်