ဝမ်းနည်း..နာကျင်စရာတွေနဲ့
Toki အပေါ်မတရားပြီး
.အပြစ်ရှိသလိုခံစားရတာတွေကိုဘေးဖယ်လိုက်ရင်..
ကျမတို့နှစ်ယောက်ရဲ့ relationship
ကတကယ်ကိုလှပပါတယ်..အကြိမ်ကြိမ် အိပ်မက်ဖူးတဲ့..
သူရဲ့ လှပတဲ့မျက်လုံးတွေကိုစိုက်ကြည့်ခွင့်ရတဲ့အခါ
အကြိမ်ကြိမ် ရင်ခုန်ဖူးတဲ့
သူ့အသံလေးတွေနဲ့..ကျမကိုချစ်တယ်ဆိုတဲ့
စကားပြောတာကိုကြားရတဲ့အခါ
အကြိမ်ကြိမ် မျှော်လင့်ဖူးတဲ့
သူ့ရဲ့အေးစက်စက်လက်လေးတွေနဲ့
ကျမကိုလက်တွဲထားတဲ့အခါ..
အကြိမ်ကြိမ် ရူးသွပ်ဖူးတဲ့
သူ့နှုတ်ခမ်းတွေဆီက..အနမ်းတချို့ကိုရတဲ့အခါ..
.
သူ့ရဲ့ အချစ်တွေက..ကျမကြားဖူးတဲ့
ထောင်ပေါင်းများစွာသောနတ်သမီးပုံပြင်တွေထက်
လှပ ပြီး ဂန္ဓဝင်ဆန်မှန်းသိခွင့်ရခဲ့တယ်..
ဒီကမ္ဘာကြီးမှာ ကိုယ်အချစ်ရဆုံးလူက..
ကိုယ့်ကိုအချစ်ဆုံးဆိုတဲ့အသိက
အလှပဆုံးပဲမဟုတ်လား....ကျမတို့နှစ်ယောက်လုံး တကယ်ကိုချစ်ခဲ့ကြပါတယ်..
တကယ်ကို..ပျော်စရာကောင်းပြီး..
တကယ်ကိုလှပတဲ့နေ့ရက်လေးတွေကိုဖြတ်သန်းခဲ့တာပါ.
~~~~~~
Private Study ပေးထားလို့အားနေတဲ့ကျမက
သူ့ရဲ့ first solo concert အတွက်အလုပ်ရှုပ်နေ
တဲ့ luhan အတွက် full time PA
ဖြစ်လာခဲ့တယ်..တနေကုန်..တခါတလေမှာ တညလုံး..
အကတိုက်လိုက်..သီချင်းတိုက်လိုက်..
ဒီဇိုင်နာတွေဆီကိုသွားလို်က်နဲ့အလုပ်အရမ်းရှုပ်နေတဲ့
ကျမရဲ့ luhan ge က..
သူဘယ်လောက်ပဲပင်ပန်းနေပါစေ..ကျမကို"ပျင်းနေပြီလား,ယွဲမ်?"လို့နူးညံ့စွာမေးတတ်သလို.
"Luhan team,jia you!!!"လို့လည်း
Studio တခုလုံးကိုအားပေးတတ်သေးတယ်တခါတလေ..ညနှစ်နာရီလောက်အထိ
ကျမတို့ studio တခုလုံးအလုပ်ရှုပ်နေတတ်တယ်
အဲ့လို အချိန်မျိုးမှာ luhan က
ရှုပ်ပွနေတဲ့စားပွဲပေါ်က သီချင်းနုတ်စ်တွေရယ်..
ဓာတ်ပုံတွေရယ်ကိုကြည့်ပြီး