အချစ် ဆိုတာ..အရာရာကိုလှပစေလိုက်တာ..
အပြန်လမ်းမှာ luhan ကကားမောင်းလာတယ်
ကားထဲမှာ သီချင်းတစ်ပုဒ်ကိုတိုးတိုးလေးဖွင့်ထားပေမယ့်
ကျမ စိတ်လှုပ်ရှား နေတာကြောင့်.
သေချာမကြားရဘူး...Luhan ကလက်တစ်ဖက်ထဲနဲ့ကားမောင်းနေပြီး
တစ်ဖက်က ကျမလက်ကိုဖွဖွလေးကိုင်ထားတယ်.
သူလည်းပဲ ကျမလိုတိတ်ဆိတ်နေပေမယ့်
နှုတ်ခမ်း မှာတော့ နူးညံ့တဲ့အပြုံးလေးတစ်ခုနဲ့..မှောင်စ ပြုနေတဲ့ ပတ်ဝန်းကျင်မှာ
တရိပ်ရိပ်ပြေးနေတဲ့ကားလေးပေါ်က
ဒီအခြေအနေလေးက တိတ်ဆိတ် နေပေမယ့်
ကျမကိုတကယ်နွေးထွေးစေပါတယ်..အဲ့ဒီကြည်နူးစရာတိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်တာက
Luhanရဲ့ ဖုန်းသံနဲ့
ဖုန်းခေါ်ဆိုသူနေရာက
huiwenဆိုတဲ့နာမည်လေးပေါ့
Luhanက ဖုန်းကိုကြည့်ပြီးတော့
ကျမကိုတချက်လှမ်းကြည့်တယ်.."ခဏနော်"လို့ပြောပြီးဖုန်းကိုင်ဖို့ကျမလက်ကို
လွတ်လိုက်တယ်..
ကျမမေ့နေခဲ့တာသူ့မှာHuiwen ရှိနေတာပဲ
သူ့လက်ဖယ်လိုက်တဲ့ခဏလေးမှာတောင်
ကျမရင်ထဲမှာဟာသွားတာ
နောက်ဆက်တွဲ ကြုံလာရမယ့်ကိစ္စတွေ
တကယ်လို့..Huiwen နဲ့ယှဉ်ပြီး
သူ့ကိုလက်လွတ်ရမယ်ဆိုရင် ကျမ
ခံနိုင်ရည်ရှိပါ့မလား..ငါ..ဘယ်လိုမိန်းကလေးဖြစ်နေပြီလဲ,Toki
"အင်း..huiwen ပြော"
သူကကားမောင်းနေလို့speakerဖွင့်ပြောတယ်"Lu,တနေကုန်ဖုန်းခေါ်လို့မရဘူး..
ဘယ်ရောက်နေတာလဲ.."Huiwenရဲ့ခပ်ချွဲချွဲအသံကကားလေးထဲမှာ
ကျယ်လောင်စွာထွက်လာတယ်.."Aw..ဒီလိုပဲကိစ္စလေးရှိလို့.ဘာဖြစ်လို့လဲ"
"ဘာဖြစ်ရမှာလဲ..ဒီနေ့ huiwenရဲ့
dinner partyရှိတာမေ့နေပြီလား?
lu ရဲ့ staff တွေတောင်ရောက်နေပြီ.
အော်...Uniတော့ အင်း..ပါ မ လာ သေးဘူး"