part-5

10.9K 951 6
                                    

Unfair**

အားပါးပါး~~~~ ~ စပ်လိုက်တာအရိုးထဲအထိတစိမ့်စိမ့်
ရက်စက်လိုက်လေခြင်း oh sehunရယ်
ကားထဲမှာတပွဲနွှဲပြီးအခု lu အရိုးအကြောဆေးခန်းသို့ရောက်နေပါသည် luကို စိတ်ဒုက္ခပေးသည်သာမက ခန္ဓာကိုယ်ကိုပါဒုက္ခပေးနေပြန်ပြီ ဘောလုံးကန်ရင်းဒူးမှာ ထိခိုက်ခဲ့တဲ့ဒဏ်ရာ ဒီတိုင်းဆိုမသိမသာ တကယ်ဘာမှမဖြစ်စလောက်ပမွှားလေးပါ ဒါကိုovertineကြီးကဆေးခန်းထိအောင်ခေါ်လာသတဲ့ ဘာသိဘာသာနေရင်ဘာမှခံစားရမည်မဟုတ် ဆေးခန်းရောက်မှ အရက်ပြန်တွေကော ဆေးတွေကော doctorတွေကထည့်လိုက်ကျတာ luဖြင့်မျက်လုံးကအရည်တွေတွေတောင်ထွက်ချင်ပေါ့ အဲဒါ hunကြောင့် အပိုလုပ်လွန်းတာ သူမခံစားရတိုင်းသူများကို
အနုနည်းနဲ့နှိပ်စက်နေတာ အကျင့်ယုတ်ကြီး

doctor ဆေးထည့်တာမနာအောင်ထည့်မပေးနိုင်ဘူးလား //

ဟော့တော် စပ်လွန်းလို့လက်သီးကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့luလက်တွေတောင်အားလျော့သွားရသည်
doctorလည်းကြောင်အမ်းအမ်းဖြစ်လျက်

doctor"ဘာ ဘာကိုပြောတာလဲမသိဘူးခင်ဗျ

hun"doctorရဲ့လူနာကအရမ်းနာနေတယ်လေ
နည်းနည်းပါးပါးဖြစ်ဖြစ်ဂရုစိုက်ပါဦး သေသေချာချာထည့်ပေးပါ

doctor"ဟုတ်ပါပြီ ကျနော်ဂရုစိုက်ထည့်ပေးပါ့မယ် ဒါမယ့်ကျနော်အရက်ပြန်ထည့်ရင်မနာအောင်ထည့်တဲ့နည်းတော့မလေ့လာဖူးဘူးဗျ ပြီးတော့ ဒီဒဏ်ရာလောက်ကလည်း ဒီလိုဆေးခန်းထိလာဖို့မလိုအပ်ပါဘူး

တွေ့လား အကျင့်ယုတ်ကြီး ခင်ဗျားကိုကရကောက်ဝဆွဲလွန်းတာ

T.T~~~

doctorကိုပြန်ခံပြောဖို့အားယူဆဲ ဖုန်းမြည်လာသဖြင့် တော်သေးတယ်ပြောရမယ်

hunဆေးခန်းရဲ့ သိပ်မဝေးလှတဲ့တနေရာ luမြင်သာတဲ့နေရာ၌ဖုန်းပြောနေသည် အလိုမကျဟန် မျက်မှုန်ကျုံ့လျက် တခုခုကိုငြင်းဆိုနေသည်
hunဖုန်းပြောအပြီး ပြန်ဝင်လာတော့ luလည်း
ဆေးထည့်ပြီးသည်
doctor ကိုhunဆေးဖိုးတွေရှင်းပေးပြီးနောက် luရဲ့ဘောလုံးကန်ဖို့ပစ္စည်းပစရာအဖုံဖုံထည့်သော အိတ်ကြီးကိုလွယ်ရင်း luလက်ကိုဆွဲခေါ်သည်

UnfairWhere stories live. Discover now