Unfair**
အသီးအရွက်အချို့ကိုလှီးဖြတ်ဖို့ရာဟန်ပြင်နေခဲ့တဲ့လက်အစုံနဲ့ လူမမာစာအတွက်စွပ်ပြုတ်ပြုတ်ပေးမယ့်စိတ်တွေ--မတင်မကျဖြစ်သွားလျက် အနည်းငယ်တွန့်ဆုတ်ရင်းက ရပ်တန့်သွားခဲ့တဲ့လက်ထဲမှအသီးလှီးဖို့ပြင်ထားသည့်ဓားကိုအားစိုက်ပြီးပဲပြန်လည်အလုပ်ပေးလိုက်သည် သူသဘောမကျမယ့်အလုပ်မျိုးလုပ်မိနေတာ--အခုတော့တည့်တည့်တိုးပြီ အလုပ်ကနေဒီလိုနေ့ခင်းကြီးပြန်လာတာ ကျနော့်ကိုစိတ်ပူလို့ဖြစ်မယ်ဆိုတာဘယ်သူမှမပြောလည်းကျနော်သိတယ် --မီးဖိုချောင်ထဲဝင်လာတဲ့သူ့ကိုကြည့်လိုက်တော့ မှုန်ကြုတ်ကြုတ်ကြီးနဲ့ ကျနော်လည်းသူ့ကိုမချိပြုံးလေးတစ်ခုပဲဖန်တီးပြုံးပြလျက် တချက်ပြီးတချက် လက်ထဲကဓားနဲ့အသီးတွေကိုတစိပ်စီဖြစ်အောင်ဆက်လှီးနေလိုက်သည်
hun" ဘာအတွက်လဲ
lu" ဟိုလေ အဟမ်း! noonaကနေ့လည်စာစွပ်ပြုတ်သောက်ချင်တယ်ဆိုလို့ အဲဒါ lu luက--"
စကားတောင်ဆုံးအောင်မပြောလိုက်ရပါ သူရဲ့အကျီလက်နှစ်ဖက်လုံးကိုကြယ်သီးဖြုတ်ရင်းတံတောင်ဆစ်အထိခေါက်တင်လိုက်ပြီးလက်ထဲကလှီးနေတဲ့ဓားကိုဆွဲယူလိုက်သည် နောက်တော့သူဘာသာပဲ ကျနော့်နေရာအစားဝင်ပြီးအကုန်လှီးတယ် နောက်စွပ်ပြုတ်အိုးထဲလှီးပြီးသားအသီးတွေကိုထည့်တယ်
lu" hun ရပါတယ် luဘာသာပဲလုပ်လိုက်မယ် hunသွားနားလေ
hun" သွားနားလေ ဟုတ်လား နားဖို့အတွက်အရေးကြီးတဲ့အလုပ်တပုံတပင်ကိုပစ်ပြီးအိမ်ပြန်လာတယ်ထင်နေလား ကိုယ့်မှာနားဖို့အချိန်လည်းမရှိဘူး မရလည်းမရဘူး လုပ်စရာလုပ်ငန်းတွေအများကြီးရှိတယ် အေး ဒါပေမဲ့အဲအလုပ်တွေအကုန်ပစ်ပြီးပြန်လာတာကိုယ့်ကိုဘယ်လိုများညှို့စားနိုင်လွန်းတဲ့ဘယ်ဟာလေးကြောင့်လဲမသိပါဘူးအဲဟာလေးစိတ်နဲ့မွှန်နေတာဘာမှကိုလုပ်မရတော့လို့နေမှကောင်းရဲ့လား ထမင်းမှစားရဲ့လားစိတ်မချလွန်းလို့ပြန်လာမိတာသိလား"
YOU ARE READING
Unfair
Randomကိုယ့်ရဲ့အရာရာတိုင်းက luhanပါ အရမ်းချစ်သည် ချစ်သည် luhanဆိုတာ oh sehunအတွက်တစ်လောကလုံးမှတဦးတည်းသောကောင်လေးတစ်ယောက်ဖြစ်သည် ကိုယ်ကလည်း luအတွက်ပါ luလက်ထဲမှာ luသေဆိုသေ ရှင်ဆိုရှင်ခိုင်းလိုက်စမ်း အသင့်ပဲ