part-22

7.2K 678 54
                                    

Unfair**

အချိန်တွေက တရွေ့ရွေ့~
ရက်တွေက တရက်ပြီးတရက်ကုန်ဆုံးနေရင်း~နေမင်းကြီးထွက်ပေါ်လာလိုက် တဖန်ကွယ်ပျောက်သွားလိုက်~အချိန်တန်ရင်ကြယ်လေးတွေနဲ့လမင်းကြီးတို့က မပျက်မကွက်လာရောက်နေရာယူလာတဲ့ကောင်းကင်ကြီးကိုကြည့်ပြီး~ကျနော် အားကျမိပါတယ်~ဝမ်းလည်းနည်းမိတယ်

ကောင်းကင်ကြီးက ပြည့်စုံစွာနေထိုင်တည်ရှိနိုင်လေတယ် သူဟာတစ်ခုတည်းသာရှိနေပေမယ့် ဘယ်သောအခါကမှ အထီးကျန်စွာမနေရဘူး လွမ်းဆွတ်နေစရာတွေမရှိပါဘူး~အမြဲ တစေနေမင်းကြီး လမင်းကြီးနဲ့ကြယ်လေးတွေဟာအဖော်ပြုပေးနေလေရဲ့~တခါတရံ သူငိုနေသယောင် မိုးရွာသွန်းချိန်နေမှာတောင် တိမ်ညိုညိုလေးတွေကအဖော်ပြုနေပါသေးတ
ယ်

ထာဝရ ဘယ်တော့အခါမှခွဲခွာမသွားတတ်တဲ့အဖော်အမွန်လေးတွေကိုကောင်းကင်ကြီးကပိုင်ဆိုင်ထားလေတာ~ကျနော်နဲ့တော့အရမ်းကွာလွန်းလို့ရယ်ပါ

ကျနော်လေ ကောင်းကင်ကြီးလို အများကြီးပိုင်ဆိုင်မှုတွေမလိုအပ်ပါဘူး တယောက်တည်းပဲလိုအပ်ခဲ့တာ~တယောက်တည်းကိုသာပိုင်ဆိုင်ထားတာ~အခု အဲ့တယောက်တည်းလေးဟာ ကျနော့်ကိုထားသွားခဲ့ဖို့ပြင်ဆင်နေလေတယ်

ကျနော့်ကို တချိန်ချိန်မှာခွဲခွာသွားလေတော့မလား စိတ်ပူနေရတဲ့အခြေအနေနဲ့ရင်ဆိုင်နေရလို့ပါ~
သေနိုင်လောက်တဲ့ရောဂါတစ်ခုဖြစ်နေခဲ့တာ~ဒါဟာသူ့အတွက် ဘဝပေးကံကြောင့်~အရမ်းရက်စက်လွန်းတဲ့ကျနော့်ချစ်ရသူလေးရဲ့ကံကြမ္မာက သူ့ကိုသာမကကျနော့်အတွက်ပါ ဖြစ်တည်နေခဲ့ပြီ...

ဟုတ်တယ် ကံကိုသာအပြစ်ပုံချရရင်ကျနော်တို့နှစ်ယောက်လုံးအတွက်အမှန်ကန်ဆုံးနဲ့အခံသာဆုံးဖြစ်မှာပါ~ဒီလောက်လူတွေအများကြီးရှိတဲ့ထဲမှာမှ သိပ်ချစ်ကြတဲ့ကျနော်တို့စုံတွဲကိုမှ~ကျနော်တို့နှစ်ယောက်ထဲမှာမှ ဘာလို့များ သူ့ကိုမှ ရွေးချယ်ကျရောက်ပေးရသလဲကွယ်

ကံကြမ္မာကိုရှောင်လွှဲလို့မရနိုင်တာ ကျနော်သိပါတယ် လူတွေအတွက်အဖို့ပါလာတဲ့ဖြစ်ကိုဖြစ်ရမယ့်ကံအကြောင်းတရားတွေရှိတယ်ဆိုတာ~ယုံကြည်သလို လက်လည်းလက်ခံလို့ရတယ် သို့ပေမယ့်တခါတရံ ကံဆိုတာ အလုပ်~အပြုအမူတခု~

UnfairWhere stories live. Discover now