part-11

9.8K 827 16
                                    

Unfair**

ဒီနေ့တော့ ဆိုင်မှာ လူဝင်လူထွက်အနည်းငယ်ကျဲနေလျက် တိုက်ဆိုင်နေလို့များလား စိတ်ကပဲထင်နေလို့လား အမြဲတမ်းပွစိပွစိပူပူညံညံလုပ်တတ်သည့် sunny noonaအလုပ်မလာနိုင် noonaတကယ်နေမကောင်းနေတာ
noonaမရှိလို့များပျင်းခြောက်ခြောက်နိုင်နေသလား ထင်မိပါရဲ့ ကျနော့်မှာ ဘာတဲ့ဆို ပြဿနာကိစ္စတခုခုဖြစ်တိုင်း နေမကောင်းဖြစ်တဲ့အချိန်တိုင်း အမြဲတမ်းအဖော်ပြုဆုံးမညွှန်ကြားအကြံအစည်တွေကိုသူမ ပေးတတ်သည် ဘာလေးစားလိုက် ဟိုလိုလေးလုပ်လိုက်လေ ထမင်းမှန်မှန်စားဦးနော် luhan
noonaရဲ့ စွာတေးလန်အသံအချို့နားထဲသို့ဝင်လာခဲ့သည် hunနဲ့မရခင်လူပျိုဘဝ တကိုယ်တော်သမားဖြစ်နေသည့်အချိန်တွေကပေါ့ ကျနော့်မှာကသိတဲ့အတိုင်းပဲ အိမ်လခမပေးနိုင်သည့် အခါတွေလည်းရှိခဲ့ဖူးသည် မပြေလည်တဲ့ကျနော့်ဘဝမှာ တခါတလေ ငွေလိုအပ်ခဲ့ရင်တောင် သူမကပိုက်ဆံချေးတယ် သူမရဲ့ကျေးဇူးတရားတွေ ကျနော့်အပေါ်အတော်များသည် ကျေးဇူးသိတတ်သည့်ကျနော့်စိတ်ကလေးကြောင့် ကျေးဇူးသိတတ်ခြင်းရဲ့ရှေ့ပြေးသဘောလေးအဖြစ် သတင်းမေးဖို့ဖုန်းဆက်လိုက်သည်

lu"အဆင်ပြေလား noona တယောက်တည်းအိမ်မှာရှိနေတာလား ကျနော်လာခဲ့ရမလား အားမနာပါနဲ့အကူညီလိုရင်ပြော"

".................."

lu"ဆိုင်ကိုစိတ်ချလက်ချထားပါ ကျနော်လည်းရှိတယ် baekလည်းရှိတာပဲ

".................."

lu"အင်းဒါဆိုလည်းပြီးရောလေ
ကောင်းကောင်းအနားယူလိုက်နော်"

အရမ်းလှချင်တော့ဝိတ်ချပြီးအစားမစား အစားရှောင်ခြင်းရဲ့ကောင်းကျိုးတွေပေါ့
noonaခံနေရပြီလေ အိမ်မှာသူတယောက်တည်းဖြစ်ကောဖြစ်ပါ့မလား သြော် သူဖြစ်လို့ပဲမလာခိုင်းဘဲဆိုင်ကိုကြည့်ခိုင်းတာနေမှာပေါ့ ဘာပဲဖြစ်ဖြစ်lu တာဝန်ကျေသည်

Unfair**

ကိုယ်တိုင်ဒီဇိုင်းထုတ်ပြီးအကျီရောင်းနေသည့် fashion shop တခုဖြစ်သည့်အလျောက် ဒီဇိုင်းတွေလည်းကိုယ်တိုင်ဆွဲပေးရသလို အကျီတွေကိုလည်းရောင်းပေးရသည် ကိုယ်တိုင်လည်းချုပ်ရသည် အဆင့်တန်းမြင့်အသိုင်းဝိုင်းကgreat ကြီးတွေရဲ့အကျီ order အချို့ကိုချုပ်ပေးဖို့အထိကျနော်အလုပ်လုပ်သည့်ဒီဆိုင်လေးကပေါ့ခေခေမဟုတ်ဘူးရယ် အလုပ်ကရှုပ်လှသည်လည်းမဟုတ်ပေမဲ့မနားရပါ တတောက်တောက်နဲ့ baekကောကျနော်ပါ ဈေးဝယ်သူတွေကို ရှင်းပြပြောပြနေရသည် baekကသူ့ customerနဲ့သူခေါင်းပင်မဖော်နိုင်
ထိုစဉ်
အကြောင်းအမျိုးမျိုးကြောင့် ရှေ့တည့်တည့်၌မရှိ ကြမ်းပြင်ထက်မှာကျရောက်နေသည့်ကျနော့်ရဲ့အကြည့်တွေက ဆိုင်ထဲသို့ဝင်လာခဲ့တဲ့ ဒေါက်ဖိနပ်သံကိုကြားသဖြင့် လာတဲ့သူကိုအလျဉ်းသင့်ကြည့်ဖို့ပြင်လိုက်တော့ မြင်ကွင်းထဲရောက်လာသည်ကအနီရဲရဲဒေါက်ဖိနပ်တရံစီးထားသည့် ဖွေးဥနေသည့်ခြေထောက်တစုံ တဖြေးဖြေးအပေါ်ဘက်သို့အကြည့်တို့ရွှေ့လိုက်မိတော့ နီရဲရဲဖိနပ်နဲ့အရောင်တူ နီရဲရဲနှုတ်ခမ်းတစုံ ဘေးတဖက်ထဲသို့ ဆံပင်ရှည်နက်နက်တို့ကိုသပ်တင်ထားလျက် မချမ်းမအေးနိုင်ဝတ်စားဆင်ယင်ထားလိုက်သည်က မမြင်ချင်မှအဆုံး ခန္ဓာကိုယ်ရဲ့တနေရာချင်းကိုတထစ်ချင်းမြင်နေရသည် မိန်းမတယောက်ကိုဈေးရောင်းရဖို့ဖြစ်လာသည့်အခြေအနေ
အလုပ်ပဲ အလုပ်ကြောင့်
hunရေ နော် ~~ ~~~~~~~~~~~~~~

UnfairWhere stories live. Discover now