Unfair**
တံတားပေါ်မှသိပ်မဝေးလှတဲ့ အမြင့်တစ်ခုကနေ ဝေ့ပတ်မောင်းနှင်နေတဲ့ ဟတ်စကီးတစ်စီးရဲ့ပန်ကာအရှိန်နှုန်းက ထိမိစွာပင် လူတကိုယ်လုံးကိုရိုက်ခတ်နေတယ်
ငိုရလွန်းလို့စပ်အမ်းနာကျင်နေတဲ့မျက်လုံးတွေကလည်းရိုက်ခတ်လာတဲ့လေအချို့ကြောင့် ပိုလို့ဆိုးဝါးလာရတဲ့ကြား သူကြောင့်မျက်ရည်တွေနဲ့ အခုချိန်ထိပြည့်နေရလျက် ငိုမစဲသေး~ကျနော်ပြောပါတယ် သူကလူဆိုးကြီး အရမ်းဆိုးတာ~ဘယ်တော့မှ တဖက်သားခံစားချက်ကိုကြည့်မပေးဘူးသူ့ရဲ့စိတ် သူ့ရဲ့ဆန္ဒတွေချည်းကိုပဲအမြဲဦးစားပေးတယ်
ခုန်ချသွားတာ~ကျနော်ကပြောလိုက်လို့ပေါ့ ဟုတ်လား အကျင့်နည်းနည်းမှမကောင်းတဲ့လူ
ကျနော်ကိုကျသူဒီလိုလုပ်လိုက်တော့ ရူးချင်ရူး နှမ်းချင်နှမ်း သေသေကြေကြေ ဖြစ်ချင်ရာဖြစ်ပစေပေါ့ ~ မတရားဘူးးနော် သူတကယ်မတရားတာ~ရေပြင်ထက်ကမော်တော်နှစ်စီးကလည်း အသံမျိုးစုံအချက်ပေးလျက် စလိုက်မီးရောင်တလွှားလွှားနဲ့ ရှာပုံတော်ဖွင့်နေတာ မိနစ်သုံးဆယ်ပြည့်လုနီးနေပြီ ဒီလိုမိနစ်ပေါင်းများစွာကြာသည်အထိ သူက မြစ်ရေရဲ့အနက်တစ်ခုထဲ ရှိနေတာလေ ဒါက~ပကတိသူအဖြစ်ပြန်လာနိုင်ဖို့အခွင့်အရေးများရှိပါဦးမလား
ဟင့်အင်း~ပြန်လာမှာပါ
ဒူးတွေက ထေက်ကန်နိုင်စွမ်းမရှိတော့~ယိုင်လဲဖို့ရာကြံရွယ်နေကြလျက်~လဲလို့မဖြစ်သေးဘူး သူ့ကိုစောင့်ရဦးမှာ ပြီးရင် ကျနော် သူ့ကိုစိတ်ချလက်ချထားခဲ့ပြီး နောက်ထပ်အသစ်ပြန်လည်မွေးဖွားရမယ့် လာမယ့် နောင်ဘဝတစ်ခုအတွက် ပြင်ဆင်ရတော့မှာ~ Hunရယ် Luhanကိုသိပ်ချစ်တယ်ဆို ပြန်လာပေးနော်
အခုလို ပြန်မရှာတွေ့နိုင်အောင်ဆက်ပုန်းနေရင် တကယ်မချစ်ဘူးလို့ သတ်မှတ်ပစ်လိုက်မှာ~ပါးတစ်ဖက်ပေါ်လက်ဝါးတချက်ရဲ့ ခပ်ပြင်းပြင်းအားတခုကျရောက်လာမှုနဲ့အတူ ခေါင်းကပါ တဖက်သို့လည်ထွက်သွားသည်မို့ စီးကျနေဆဲမျက်ရည်စအချို့တောင် လေထဲလွင့်စင်သွားလျက် အနည်းငယ်လည်းလန့်သွားမိတယ်
ငါ့သားလေးတခုခုဖြစ်ကြည့် မင်းကိုအရှင်မထားဘူး luhan ငါကိုယ်တိုင်မင်းကိုသတ်ပစ်မယ် ငါတောင် ငါတောင်လေ ငါ့သားလေးကိုမထိရက် မကိုင်ရက်ပိုးမွေးသလိုမွေးခဲ့တာ . . . . . ."
YOU ARE READING
Unfair
Randomကိုယ့်ရဲ့အရာရာတိုင်းက luhanပါ အရမ်းချစ်သည် ချစ်သည် luhanဆိုတာ oh sehunအတွက်တစ်လောကလုံးမှတဦးတည်းသောကောင်လေးတစ်ယောက်ဖြစ်သည် ကိုယ်ကလည်း luအတွက်ပါ luလက်ထဲမှာ luသေဆိုသေ ရှင်ဆိုရှင်ခိုင်းလိုက်စမ်း အသင့်ပဲ