part-12

10.1K 817 19
                                    

Unfair**

မျက်တောင်ရှည်ရှည် အချို့ဝန်းရံထားသည့်မျက်ဝန်းအစုံကတချက်တချက် ရှည်လျားလွန်းသည့်မျက်တောင်တွေကိုမနိုင်တော့သည့်အလား မှေးစင်းကျသွားလျက် မနည်းအားစိုက်ပြန်ဖွင့်ထားရသည် luမျက်နှာပေါ်လိမ်းကျံနေသည့် cosmeticတွေရဲ့ မွှေးအီအီရနံ့ ဂျယ်နဲ့ဆံပင်ပုံသွင်းနေသော luခေါင်းထက်မှhair designer လက်ရဲ့လှုပ်ရှားမှုတို့အောက် luမျက်လုံးအစုံမှိတ်တုတ်မှိတ်တုတ်ဖြစ်နေပြီ
ထိုအချိန်
ရိပ်ခနဲ ရောက်ချလာသောမှန်ထဲမှလှမ်းမြင်လိုက်ရသည့် ပုံရိပ်တခုကကျနော့် အိပ်ချင်စိတ်တွေကိုကြက်ပျောက်ငှက်ပျောက်ပျောက်ဖြစ်စေပေါ့
grey dinner suit တစုံကိုကျကျနနဝတ်ဆင်လျက် ဆံပင်အကုန်လုံးကိုအပြောင်သပ်တင်ထားတဲ့ ကျနော့်ချစ်သူ ဝတ်နေကျ lawsuitပုံစံလိုပေမဲ့ အခုဟာက တမူထူးခြားချောမောလွန်းနေ၏ သူ့နောက်မှအကျီတစုံကိုင်ထားတဲ့ဝန်ထမ်းကောင်မလေးတယောက်ကလည်းအလိုက်သင့်ပါလာသည် ကောင်မလေးကိုသူတခုခုပြောလိုက်တာနဲ့ကောင်မလေးကအကျီကိုသူ့လက်ထဲပေးပြီးပြန်ထွက်သွားသည်

ကဲ ပြီးပြီ// hair designer ရဲ့ပြောသံကြားမှသူ့အပြုအမူနဲ့သူ့အလှအပတွေကို မှန်ထဲကတဆင့်ထိုင်ငမ်းနေတဲ့ကျနော် အသိပြန်ဝင်လာလျက်

နောက်ဆုံးဆိုင်ထဲ၌ကျန်နေခဲ့တာက သူနဲ့ကျနော်နှစ်ယောက်တည်းရယ် အားလုံးအသီးသီးထွက်သွားကြသည် အလှပြင်ဆိုင်အကောင်းစား နာမည်ကြီးလှသည့် သူခေါ်လာတဲ့ဒီဆိုင်ကျယ်ကြီးထဲ ဘယ်ဝန်ထမ်းမှလည်းမရှိတော့ ဒါက ကျနော်မသကာင်္လို့မေးကြည့်မိတော့ထင်တဲ့အတိုင်းပါပဲ တဆိုင်လုံးငှားထားသည်တဲ့လေ
မပြောလည်းမပြောချင်တော့ပါဘူး ဘာလို့ငှားရတာလဲ အလကားနေအလကားသက်သက်ပိုက်ဆံကုန်အောင်ကွာ ** ဒီစကားတွေသွားမေးပြန်ရင်လည်း သူ့ဆန္ဒတွေကိုမဟားတရားဖော်ထုတ်ပြီး ပြဿနာဖြစ်နေရဦးမည်မဟုတ်လား ပူပူနွေးနွေးသတ်ထားသည်ကရင်ဘတ်ထဲခုထိ အောင့်တုန်းမို့ မြိုသိပ်ရင်းပဲနေလိုက်တော့သည်

တကယ်ရီချင်မိပြီ oh sehunရဲ့
designerကို အကျီပြန်ဝတ်ပေးတဲ့သူ ~~
ကျနော့်ကိုသူ့လက်ချောင်းသွယ်သွယ်လေးတွေရဲ့နုရွလွန်းသည့်ထိတွေ့မှုတွေနဲ့အတူ မထိတထိ ကိုင်တွယ်လျက် အကျီဝတ်နေလိုက်တာ အကျီကလည်းသူနဲ့ဆင်တူ dinner dressတစုံပါ သူဝတ်စုံပြည့်ကျနော့်ကိုဝတ်ပေးပြီးသည်အထိ ကျနော် နဲ့နီးကပ်နေသည့် သူ့ရဲ့နဖူးပြင်ပြေပြေလေးရယ် တမျှင်ချင်း တချောင်းချင်းစီတောင်မြင်နေရသည့် မျက်ခုံးတန်းတန်းလေးရယ် သူဘာသူဘာကြီးဘာရာထူးတွေနဲ့ပဲရှိနေကပါစေ ကလေးဆန်လွန်းလှသည့် နှုတ်ခမ်းဆူဆူဖူးဖူးလေးရယ် ကို မျက်တောင်မခပ်တမ်းငေးနေမိပြန်၏
ဗြုန်းစားကြီးဆိုသလို အကျီဝတ်ပေးပြီးတာနဲ့ ခါးကိုဆွဲကိုင်လိုက်ရင်းက နား နားသို့ကပ်ပြောလိုက်သည်က

UnfairWhere stories live. Discover now