part-9

11K 827 15
                                    

Unfair**

အဆင်သင့်ဖြစ်နေသောbreakfast စားပွဲသို့ ခုချိန်ထိhunမရောက်လာ ဘာတွေများလုပ်နေပါလိမ့် သက်ပြင်းတချက်နှင့်အတူအခန်းသို့ပြန်သွားရတော့သည်

ရောက်ရောက်ချင်းမြင်လိုက်ရသည့်မြင်ကွင်းကြောင့် ဟက်ခနဲ တချက် ပါးစပ်မှလွှတ်ခနဲထွက်သွား၏ သူ့ကိုယ်သူဘယ်နှနှစ်သားအရွယ်ကလေးလို့များထင်နေသလဲ ကလေးလေးတွေအဖို့ဒါမျိုးပုံစံကအသည်းယားစရာကောင်းလှပေမဲ့ ဒီအရွယ် ခန့်ချောကြီးတစ်ဦးနဲ့ကျ မြူစွယ်ဖျားယောင်းမှုမြောက်ပြီ ရှေ့နေကောင်းကောင်းငှားပြီးကိုတရားလိုအနေနဲ့တရားစွဲပစ်မယ် oh sehun.........
သိပ်ကြည်နူး သိပ်အူယားစရာကောင်းလှသည့်ဆင်ခြေလှလှလေးက လက်ကဒဏ်ရာကြောင့်မလုပ်နိုင်မကိုင်နိုင်မို့အကျီနဲ့ဘောင်းဘီမဝတ်နိုင်ဘူးတဲ့လေ ဖြစ်မှဖြစ်ရလေ ချွတ်ထားလိုက်တာကျသူ့ဘာသာသူ အတွင်းခံဘောင်းဘီပဲကျန်တယ် ဝတ်တော့ကျမှမဝတ်နိုင်တော့ဘူးတဲ့
ှ နှာဘူးးးးးးးးးးးးးးးကြီးရေ ပြတဲ့သူကပြမှတော့ကြာသလားလို့အားမနာတမ်းကြည့်ပြီလို့ ကျနသေသပ်လှသည့်လက်မောင်းပေါ်ကအဖုအထစ်မာဆယ်အချို့ရယ် ချပ်ရပ်ပိရိလှသည့်ဝမ်းဗိုက်နှင့်ခါးနေရာမှ တစ်ခုချင်းဆီပေါ်ထွက်လာတဲ့ sixpackတို့ကလည်း အထင်းသားပါ ခြေဖွားနုနုဖြူဖြူဖတ်ဖတ်တွေကလည်းဖြူလွန်းလို့ ဖနောင့်လေးတွေဆိုနီမြန်းလျက်
ဘောင်းဘီဝတ်ဖို့လျှိုလာတဲ့ခြေဖဝါး နောက်ဖြူဖြူပြည့်ပြည့်ခြေသလုံးးးးးး
ထိုပေါ်မှမွှေးညင်းအချို့ကတနေ့တခြားပိုရှည်လာသလိုပဲ စိတ်ထဲကတိတ်တခိုးလေးကြိတ်တွေးနေမိလျက်ဘောင်းဘီဝတ်ပေးနေတာ ဇစ်တပ်ရမယ့်နေရာအရောက်
ရင်ခုန်သံတွေဗြောင်းဆန်လာပြီ မသိမသာခိုးချောင်ခိုးဝှက် ဂလုဆိုတဲ့တံတွေးမြိုချသံကိုတတ်နိုင်သမျှမကြားရအောင်ကြိုးစားမြိုချရသည် ချစ်ပလိုက်ချင်၏
အိပ်ယာထက်မှာပလူးပလဲ ချိုမြိန်လှသည့်နာကျင်မှုတွေကိုခံစားလျက် ချစ်သူရဲ့မျိုးစိပ်အချို့ကိုကျနော့်ခန္ဓာကိုယ်အတွင်းဝင်ရောက်စေပြီးနှစ်ယောက်တကိုယ်ထပ်တူကျပစ်ချင်ပါတယ် သိုပေမဲ့ ကျနော်ကြောက်တယ် ကျနော့်ရဲ့virginဘဝကိုhunထံ ပေးအပ်လိုက်ပြီးရင်လေ... ... ... ... ... ... ...
သူ . . . သူ.. . ကျနော့်ကိုငြီးငွေ့သွားပြီးထားပစ်ခဲ့မှာစိုးတယ်
ပစ္စည်းအသစ်လေးတစ်ခုကလိုပေါ့ ဝယ်ခါစတော့အရမ်းကြိုက်လွန်းလို့တယုတယထိန်းသိမ်းကိုင်တွယ်ကြပေမဲ့ အချိန်ကြာလာတာနဲ့အမျှပျက်စီးယိုယွင်းတတ်တာက သဘာဝ အဲလိုအချိန်ကျရင်ရိုးအီပြီးတန်ဖိုးထားမှုတွေလျော့ပေါ့ကြတာက ထုံးစံ
တန်ဖိုးထားလွန်းလို့မထိရက်မကိုင်ရက်သိမ်းဆည်းထားတတ်တဲ့ ပစ္စည်းလေးမျိုးတွေတော့ရှိပါတယ် အဲလိုပစ္စည်းလေးတွေကိုအားကျမိပါတယ်
oh sehunရဲ့
အသုံးပြုတာကြာလာလို့ မြင်တွေ့ရတာရိုးအီသွားတဲ့ပစ္စည်းလေးမျိုးမဖြစ်ချင်ဘူး ကျနော်ကပစ္စည်းလေးတော့မဟုတ်ပေမဲ့လေ ကြောက်မိတယ်...... ...... ... ... ...
တကယ်တမ်းဆို သူ့အခြေအနေ အဆင့်အတန်း ပတ်ဝန်းကျင် အသိုင်းအဝိုင်းတွေဆိုတာ ကျနော်နဲ့ အကွာကြီးရယ် မိုးနဲ့မြေ ဆီနဲ့ရေ အတိုင်းပါ တခါတရံ အလိုလိုသိမ်ငယ်ရသည် သူ့စိတ်ထဲလည်းဝင်ကြည့်လို့မရနိုင် သူကဘာတဲ့ဆိုထစ်ခနဲ ဝုန်းခနဲ ဗြုန်းခနဲလုပ်တတ်သူ တော်ကြာမှနေဖူးပြီးသားလူပျိုမဟုတ်တော့တဲ့ကောင်လေးတစ်ယောက်ဆိုပြီး အချိုကုန်သွားတဲ့ပီကေလိုအချိန်မရွေးထွေးထုတ်လိုက်မှဖြင့် luဘဝကြီးတော့သွားပြီ
မယုံကြည်လို့ hun အချစ်တွေကိုမသေချာသလိုလို လျော့တွက်တာမဟုတ်ဘူးနော် လက်တွေ့ဘဝမှာကြုံခဲ့ရသည့်ကိစ္စအချို့ကြောင့်ပါ ကျနော် ကိုးနှစ်အရွယ်တုန်းက အမေ့ကိုအဖေက ငြီးငွေ့သွားပြီ ထွက်သွားလိုက်တော့ ဆိုတဲ့စကားလုံးရှစ်လုံးတည်းကိုအသုံးပြုလျက်
ကျနော်နဲ့အမေကိုနှင်ချခဲ့တယ် ကျနော့်ရှေ့ကအဲဒီဖြစ်ရပ်တခုကြောင့်ပဲပြောပါတော့ စိတ်ဒဏ်ရာရခဲ့သလားပဲ သူ့အချစ်တွေကိုယုံကြည်ပေမဲ့ ကိုယ်ရေးကိုယ်တာအရsensitiveဖြစ်နေတာပါ
အတွေးတွေနဲ့အတူ လူဆိုးကြီးကိုအကျီကြယ်သီးတွေတပ်ပေးနေမိသည် ဝတ်ပေးနေတဲ့အကျီငှက်ခါးရောင်ကသူ့အသားရောင်၌လုံးဝပြည့်စုံလိုက်ဖက်လွန်းနေသည် ရင်ဘတ်နားမှကြယ်သီးတလုံးအရောက် သူ့နှုတ်ခမ်းတွေကိုသွားရည်ယိုမိနေပြန်ပေါ့

UnfairWhere stories live. Discover now