ဒီ Extra partလေးကလေ Unfair ficအတွက်လက်ဆောင်ပေးတာပါ
HunHan စတွေ့တုန်းကအချိန်လေးပေါ့
XDUnfair**
စက်ဘီးကိုအားစိုက်ပြီးနင်းလာခဲ့တဲ့ကျနော်~
ကျနော်နေတဲ့တိုက်ခန်းကနေ အင်း~အတော်ဝေးဝေးနေရာတစ်ခုဆီကိုလာခဲ့တာ~ကျနော်မမောပန်းမိပါဘူးမောနေတာတွေကိုအခုကျနော်ရောက်နေခဲ့တဲ့ဟောဒီနေရာလေးကကုစားပေးလိုက်တာပါ ပန်းခြံတစ်ခုထဲကျနော်ရောက်လာခဲ့တာ~
မိုးရာသီအတော်အတွင်းဆိုတော့ သစ်ပင်ပန်းပင်တွေကအားလုံးလိုတာထက်ပိုစိမ်းစိုနေကြတယ် ညကမိုးရွာထားတဲ့အရှိန်ကြောင့်ပြောရမယ်နေ့လည်ခင်းပေမယ့်မသိမသာညှို့မှိုင်းနေတဲ့တိမ်လွှာအချို့ဖုံးလွှမ်းနေတဲ့ကောင်းကင်ကြီးမှာနေရောင်ပျောက်ကွယ်နေတော့ အပူချိန်အရမ်းလျော့နည်းနေတာကိုရံဖန်ရံခါတိုက်ခတ်လာတဲ့မိုးနံ့သင်းသင်းလေးကိုပါခေါ်ယူလာတဲ့လေပြေလေးကလည်းတဖြူးဖြုးရယ်ပါ
အနည်းငယ်ချမ်းစိမ့်သွားစေရုံမက ချွေးစို့နေပေမယ့် ရောက်နေခဲ့တဲ့ပန်းခြံထဲကစီရင်ဖန်တီးထားတဲ့သဘာဝကျကျ သစ်ပင်ရှုခင်းတွေကြောင့်ကျနော်အမောပြေနေရတယ်
ပန်းခြံထဲကသာယာမှုအချို့ကိုခံစားရင်းကကျနော်ခုနာကစက်ဘီးနင်းလာတာထက်သိသိသာသာလျော့သောအလျင်နဲ့ပဲဖြေးဖြေးနင်းလာလိုက်တော့တယ်
ဒီပန်းခြံထဲမှာ ကျနော့်သူငယ်ချင်းတွေနဲ့ချိန်းထားတာ~
အခုရောက်ပြီဆိုတော့ပန်းခြံရဲ့ချိန်းထားတဲ့နေရာတစ်ခုမရောက်မချင်းကျနော် သက်သက်သာသာပဲလန်းဆန်းမှုတွေကိုရှူရှိုက်ရင်းလာလိုက်တာပေါ့ဒီအချိန်မှာ~ကျနော့်စိတ်ကိုဖမ်းစားသွားခဲ့တာကအဝါရောင်ပန်းခင်းကြီးတစ်ခုပါ အစိမ်းရောင်အရိုးတံတုတ်တုတ်တွေကအထင်အရှား~ပန်းပွင့်တွေကတစ်ပွင့်ချင်းအဝေးကတောင်အတောင်အတော်ကြီးမားပြီးအပွင့်ကြီးကြီးတွေ~
ကျနော့်အမြင် အဝါရောင်သမုဒ္ဒရာကြီးတစ်ခုလိုပဲထင်မိလိုက်တယ် အရမ်းလှတယ် လိပ်ပြာအချို့ကလည်း မဟုတ်ပါဘူး အတော်များများလည်းတဝဲဝဲနဲ့အသက်ဝင်နေပြီးကြည့်လို့တကယ်ကောင်းလွန်းပါတယ်
YOU ARE READING
Unfair
Randomကိုယ့်ရဲ့အရာရာတိုင်းက luhanပါ အရမ်းချစ်သည် ချစ်သည် luhanဆိုတာ oh sehunအတွက်တစ်လောကလုံးမှတဦးတည်းသောကောင်လေးတစ်ယောက်ဖြစ်သည် ကိုယ်ကလည်း luအတွက်ပါ luလက်ထဲမှာ luသေဆိုသေ ရှင်ဆိုရှင်ခိုင်းလိုက်စမ်း အသင့်ပဲ