part-13

9.9K 805 50
                                    

Unfair**

တချက်ချင်း တဂျပ်ဂျပ် လည်နေသည့် စားပွဲတင်နာရီလေးရဲ့ လက်တံလှုပ်ရှားသဖြင့် ရံဖန်ရံခါကြားနေရသောအသံမာဆပ်ဆပ်ကြောင့် လန့်နိုးလာရသည် တပြိုင်နက်ထဲ တဆက်တည်းဆိုသလို ကျနော့်လက်ထဲဆုပ်ကိုင်ထားသည့်လက်ဖွားနုနုလေးတစ်စုံကိုထပ်မံဆွဲကိုင်မိပြီး ကျနော့်နောက်လက်တဖက်က သူ့နှဖူးလေးဆီကိုသပ်တင်မိ၏
တငွေ့ငွေ့ဖြင့် ပူနွေးနေလိုက်တာ
အအေးပတ်ပြီးဖျားနေပြီ ကျနော်ကြောင့် ကျနော့်ရဲ့အသုံးမကျတဲ့လက်တွေနဲ့ တွန်းမိလိုက်တာ သူ့ကိုထိခိုက်စေမိတယ် ရင်ထဲမကောင်းဘူး အသေအကြေချစ်လှပါပြီလည်းပြောတယ် အရာရာကိုဘယ်သူနဲ့မှ ဘယ်ကိစ္စနဲ့မှစိတ်မချပါဘူးဆိုတဲ့ကောင် oh sehunရာ ဟာသကြီးပဲကွာ အန္တရာယ်ကောင်ကြီးပါ့လား ကိုယ့်နှလုံးသားကိုကိုယ် ကိုယ်တိုင်ခွဲပစ်ခဲ့တဲ့ ~~အသုံးမကျတဲ့~~ အချစ်ရူးကြီးပါ ကိုယ့်ကိုကိုယ် ကျနော်လေ ဘယ်လိုမှမသတီတော့ဘူး ခွင့်လည်းမလွတ်ဘူး တွန်းလိုက်မိတာကကျနော့်ရဲ့အနုံအချာလက်အစုံ . . .
ပြီးတော့ လည်ချောင်းပေါက်မတတ်မြိုချလိုက်တဲ့တံတွေး . . .
ကြောင်နနအတွေးတွေနဲ့ချုပ်ခံရရင်း မသွားနိုင်ခဲ့တဲ့ သတ္တိကြောင်နေခဲ့တဲ့ ခြေထောက်နှစ်ဖက်. . .
ဖောက်ထုတ်ပစ်ချင်စရာမျက်လုံးတွေရဲ့ရှေ့က မြင်လိုက်ရသည်ကကိုယ့်ချစ်သူကိုစိတ်မချလို့ချစ်သူနားကပ်လာတဲ့သူစိမ်းကိုရန်ရှာဖို့ရာအားခဲထားသည့် စုတ်ချာလွန်းတဲ့ ကျနော် ကြောင့် ခံလိုက်ရတဲ့ကျနော့်ကောင်လေးကို ထိုသူစိမ်းက ပွေ့ယူကယ်ပေးခဲ့သည့်အဖြစ်အပျက်. . .

ကဗျာမဆန်လိုက်တဲ့ဖြစ်ခြင်း ~~ ~~
ဟား! oh sehunကတကယ်တော့ အရူးအနှမ်းကောင်ပါ့လား
နှုတ်ခမ်းစပ်တွေတုန်ခါလာလျက် မျက်လုံးထဲအရည်ကြည်တို့ပြည့်တက်လာပြီး မဆံ့တော့တဲ့အခါပါးတလျှောက်စီးကျလာသည် မသုတ်နဲ့ မသုတ်သင့်သည့်မျက်ရည်တွေ~~ တကယ်ဆို ကိုယ့်ကိုကိုယ်တောင်သတ်ပစ်သင့်တာကွ ကိုယ့်ကိုကိုယ်နာကြည်းမိသည် မျက်ခုံးလေးတွေကွေးလျက်နှဖူးပေါ်အရစ်လေးအချို့ပေါ်လာသည်အထိ သူ့မျက်နှာလေးအိပ်နေရင်းမှတချက်တချက်ရှုံ့သွားတော့ ပိုပြီးကျနော့်ကိုကျနော်ဒေါသဖြစ်မိသည်
ကိုယ် တကယ် မင်းအပေါ်မကောင်းဘူးကွာ ကိုယ်အရမ်းဆိုးတယ် ကိုယ် မင်းကိုနေမကောင်းဖြစ်အောင်တောင်လုပ်မိတယ် ကိုယ်ကအမြင်ကတ်စရာကြီးကွာ//

UnfairWhere stories live. Discover now