Unfair**
ဖြတ်ခနဲမျက်လုံးတို့ပွင့်လျက်နှိုးလိုက်သည်နှင့်တပြိုင်နက်အသားကုန်ကုန်းရုန်းထရတော့သည်
ကိုယ့်ကိုကိုယ်အိပ်ရာထနောက်ကျမှန်းသိနေသည်လေ ညကတော်တော်နဲ့မအိပ်ဖြစ်ခဲ့ အိပ်ရာထဲတော့စောစောဝင်ခဲ့ပေမဲ့နောက်ကျမှအိပ်ဖြစ်ခဲ့သည် ဘာရယ်လို့မဟုတ်ပေမဲ့ တယောက်ခါးတယောက်ဖက်လျက်တယောက်ရင်ခွင်တယောက်တိုးဝင်ရင်းကစကားတွေအများကြီးပြောဖြစ်ခဲ့ကြလို့ပါ ဘာစကားတွေလည်းဆိုတာပြောရရင်ချစ်သူနှစ်ဦးကြားကချစ်စကားတီတီတာတာလေးတွေပေါ့
မီးမှောင်ချထားသည့်အိပ်ခန်းလေးထဲ ခန်းစီးတင်ထားတဲ့မှန်ပြတင်းပေါက်မှလရောင်ဖြာကျသဖြင့် အနည်းငယ်သောအလင်းရောင်တခုကမှိန်ပြပြလင်းလျက် ထိုအခန်းထဲကအိပ်ရာပေါ်ကစောင်ပုံကြားမှာ မနေ့ညကတတွတ်တွတ်စကားပြောရင်းကအိပ်ပျော်သွားခဲ့သည်hunက ကျနော့်ဆံပင်လေးတွေကိုဖွဖွလေးပွတ်သပ်ပေးတယ် ကျနော့်ရဲ့မျက်ခုံးလေးတွေကိုလည်းသူ့လက်ညှိုးလေးနဲ့ထိကိုင်တယ်
ပါးပြင်တွေကိုလည်းတမြတ်တနိုးနမ်းရှိုက်ရင်းချစ်တဲ့အကြောင်းတွေအများကြီး အများကြီးပြောတယ်
ကျနော့်ကိုကလိထိုးပြီးလည်းစတယ်
နောက်တော့ သူဘယ်လောက်ထိကျနော့်အပေါ်စိတ်ပူတတ်သလဲဆိုတာတွေကို မျက်နှာငယ်လေးနဲ့ရှင်းပြတယ်
စိတ်ပူစိတ်မောရအောင် မလုပ်ပါနဲ့ လို့သူတောင်းဆိုတယ် ခဏကြာတော့ ကျနော့်ကိုဘယ်လိုဘယ်ပုံချစ်ကြောင်းတွေပြောတာများ နားရှက်စရာကောင်းလောက်တဲ့စကားလုံးတွေကိုပါသုံးနှုန်းလျက်.~ ~ ~~~ ~~~~~~
ကျနော်လည်းသူပြောသမျှ ခေါင်းညိတ်လိုက် ပြန်ဖြေလိုက် ပြုံးပြလိုက် ပြန်ချစ်ပြလိုက်နဲ့
အကျိုးဆက်ကတော့အိပ်ရာထနောက်ကျတာပေါ့မြန်မြန်ဆန်ဆန် အလုပ်သွားဖို့ပြင်ဆင်ပြီးတာနဲ့
arjimaကိုကူဖို့ရာအောက်ထပ်ကိုဆင်းရတော့မည်lu"hunရေ hun hun...... ထတော့ အလုပ်သွားဖို့ပြင်တော့ နောက်ကျနေပြီ lu
မနက်စာသွားပြင်မလို့ အောက်မှာစောင့်နေမယ်
hun hun ပြင်ပြီးလိုက်ခဲ့နော် ကြားလား စိတ်ချမယ်နော်ကိုယ်ကသာနိုးလိုက်ရတာ ဖတ်ဖတ်မောတယ် သူကတော့ အိညှောင်ပတ်ညှောင်လေသံနဲ့
အင်း** ဆိုပြီးပဲပြန်ဖြေသည် မထလောက်မှာသေချာသလောက်ဆိုတော့
morning kiss လိုချင်ရင်မြန်မြန်ထပြီးလိုက်လာခဲ့ လို့ပြောလိုက်တော့မှ ခေါင်းကုပ် လည်ပင်းကုပ်နဲ့ ထလာသည်
YOU ARE READING
Unfair
Randomကိုယ့်ရဲ့အရာရာတိုင်းက luhanပါ အရမ်းချစ်သည် ချစ်သည် luhanဆိုတာ oh sehunအတွက်တစ်လောကလုံးမှတဦးတည်းသောကောင်လေးတစ်ယောက်ဖြစ်သည် ကိုယ်ကလည်း luအတွက်ပါ luလက်ထဲမှာ luသေဆိုသေ ရှင်ဆိုရှင်ခိုင်းလိုက်စမ်း အသင့်ပဲ