#final
Unfair**
စိတ်အစဉ်က အရာရာမှန်သမျှကိုသတိပြု အာရုံထားမိလို့လာတယ်
မေ့လဲမသွားခင်နောက်ဆုံးအချိန်မှာhunကျနော့်ဆီရောက်လာခဲ့တာ~ပြီးတော့ ကျနော့်ကိုချစ်လွန်းလို့တယုတယနဲ့သူအမြဲအနမ်းနုနုလေးတွေပေးလေ့ရှိတဲ့ပါးပြင်ပေါ်~ဒီတခါတော့သူ့ဆီကပြင်းပြင်းတချက်အထိုးခံခဲ့ရသေးတယ်
ချက်ချင်းပဲ အသိ~မှတ်ဥာဏ်တွေထဲထိုပုံရိပ်တွေကလွှားခနဲဝင်ရောက်မှတ်မိလာတယ်
နောက်~ခံစားမိတယ်
လက်တဖက်မှာလည်းတစ်ခုခုစိုက်ထားတယ်
်တချက်ချင်းစနစ်တကျ တီခနဲမြည်နေသောအရာရဲ့အသံ~ပြီးတော့အနံ့အသက်တွေကဆေးနံ့တွေ~သေချာပါပြီ ကျနော်ကုသမှုတစ်ခုကိုခံယူနေရပြီဆိုတာလေသိနေပေမယ့် ကျနော်မျက်ခွံလေးတွေကိုအားယူဖွင့်လောက်အောင်အထိကိုအားအင်တွေမရှိတော့တာကြောင့်ဖွင့်မရနိုင်ဖြစ်နေတယ်
သို့သော် သို့သော်~ကျနော်ကြားလိုက်ရတဲ့အသံလေးတစ်ခုကအားအင်တွေထက်လိုအင်ဆန္ဒတွေကိုပေးစွမ်းနိုင်လိုက်တာ~သူ့အသံလေးကြားရတော့ကျနော် သူ့မျက်နှာလေးကိုတွေ့ချင်လို့်လာတယ်
မြင်ရနိုင်ဖို့အရေး မျက်လုံးတွေကဖွင့်နိုင်မှ~ကျနော် ပွင့်တချက်မပွင့်တချက်ဖြစ်နေရင်းပဲ သူ့ကိုရှာလိုက်မိပါရဲ့~
ဘေးစောင်းရပ်နေလို့နှာခေါင်းလေးချွန်ချွန်ငိုက်စင်းကျနေပြီးကျနော့်လောက်မရှည်လျားပေမယ့် မျက်တောင်နက်နက်လေးတွေကဖြာကျလျက်စကားတွေလည်းအများကြီးပြောနေလိုက်တဲ့သူ့ပုံစံလေး~ကျနော်ဝေဝေဝါးဝါးနဲ့ကြည့်နေရတယ် ကြည့်လို့ကောင်းလိုက်တာ~သူ့အသွင်ပုံစံလေးရယ်~မခွဲခွာနိုင် မစွန့်ပစ်ရက် အချိန်တွေအကြာကြီးသူနဲ့နေချင်တယ်ကွယ်
တဖြေးဖြေးနဲ့ခဏအကြာမှာအားမရစွာကြည့်နေခဲ့ရတဲ့သူ့ကိုရှင်းလင်းစွာမြင်လာရတယ်
မျက်လုံးတွေဖွင့်လို့ရသွားလေပြီ~အိုး~သူ့ရဲ့ပုံရိပ်လေးကကျနော့်အတွက်အရမ်းထိရောက်နေပါ့လားနော်~သူ့ကိုမြင်ချင် တွေ့ချင်ဇောနဲ့ကျနော်မျက်လုံးတွေဖွင့်နိုင်သွားခဲ့တာပါ~ပြောပါတယ် သူဟာကျနော့်ရဲ့အသက်ရှင်နေရတဲ့အကြောင်းပြချက်ကလေးပါဆိုတာ~
YOU ARE READING
Unfair
Randomကိုယ့်ရဲ့အရာရာတိုင်းက luhanပါ အရမ်းချစ်သည် ချစ်သည် luhanဆိုတာ oh sehunအတွက်တစ်လောကလုံးမှတဦးတည်းသောကောင်လေးတစ်ယောက်ဖြစ်သည် ကိုယ်ကလည်း luအတွက်ပါ luလက်ထဲမှာ luသေဆိုသေ ရှင်ဆိုရှင်ခိုင်းလိုက်စမ်း အသင့်ပဲ