part-17

8.2K 714 93
                                    

Unfair**

မျက်ခွံတို့ စတင်ရွေ့ရှားလာရပြီး တဖြည်းဖြည်းအားစိုက်ဖွင့်လိုက်ရရင်း တစ်ချက်နှစ်ချက် လောက် မျက်တောင်တွေကိုပါပုတ်ခတ်လိုက်တယ်

အပေါ်က မိုးလျက် ငုံ့ကိုင်းပြီးမေးလာခဲ့တဲ့ chanyeolရဲ့ စကားလုံးတွေကိုလည်း အစကမကြားခဲ့ရပေမဲ့ မိနစ်ပိုင်းလောက်ကြာတော့ သဲကွဲလာခဲ့တယ်

yeol" သတိရလာပြီလား luhan''

ကျနော်ပြန်လည်နိုးထနိုင်ခဲ့ပြီ တော်ပါသေးရဲ့ hunရယ် ဒီလိုပြန်သတိရလာတော့ သူ့ကို ကျနော် အနည်းဆုံးတော့အစိမ်းသက်သက်ခွဲခွာမသွားရတာပေါ့

ထဖို့ရည်ရွယ်ချက်နဲ့ ဘေးကိုလက်ထောက်ရင်းထဖို့ပြင်လိုက်တော့ လက်မှာ ဆေးပိုက်တန်းလန်းနဲ့ဖြစ်နေတာကိုသိလိုက်ရတယ် ဒီဆေးရည်တွေက ကျနော့်ရဲ့သေကောင်ပေါင်းလဲနာကျင်မှုကြီးကိုခဏတာကုစားပေးနိုင်လေတဲ့ အားဖြည့်ဖော်တစ်ခုပေါ့

lu" ဘယ်နှနာရီရှိပြီလဲ chanyeol

yeol"နေ့လယ် တစ်နာရီထိုးပြီ

ဒါဆို မေ့သွားခဲ့တာ ငါးနာရီနီးပါးရှိခဲ့ပြီပေါ့ ဒီနေတော့ အလုပ်လည်းမလုပ်နိုင်တော့ဘူးထင်တယ် ဝေဒနာက အချိန်တွေကိုတိုက်စားလာပြီ တန်ဖိုးရှိတဲ့ ကျနော့်ရဲ့အချိန်တွေအားလုံးပွန်းပဲ့လို့လာရတယ် ဒီလိုနဲ့ပဲ ကျနော် က လူပိုကြီးတစ်ယောက်ဖြစ်လာတော့မှာ~ပတ်ဝန်းကျင်ကို အလုပ်ပို ဒုက္ခတွေပေးမိတော့မှာ~ကျနော်အရမ်းကြောက်နေမိတယ်

အမြင်တွေကိုဝေဝါးသွားစေသည်အထိပြည့်တက်လာတဲ့မျက်ရည်တွေက ပါးပြင်တလျှောက်ကိုပါ လှိမ့်ဆင်းလာကြလျက်
ကျနော့်ရဲ့ကြောက်ရွံ့ခြင်းကို သူတို့ကအဖော်လာပြုပေးနေကြတယ်

လူဆိုတဲ့ သတ္တဝါဆိုတာ ရှင်သန်နေထိုင်ကြစဉ်တုန်းကသာ အပြောတွေသိပ်ကြီးတတ်ကြတာပါ တကယ်တမ်းသေခြင်းတရားကိုရင်ဆိုင်ရမယ်ဆိုမထားနဲ့ သေခြင်းတရားရဲ့လက္ခဏာအချို့အတွက်ကိုတောင် သူတို့ခံနိုင်စွမ်းမရှိတတ်ကြပါဘူး
အရာရာထက် သူတို့ရဲ့ အသက် တွေအပေါ်ကိုသာ လောဘကြီးတတ်ကြတယ်

ကျနော်လည်းဒီအတိုင်းပဲပေါ့ သေရမယ့်ရောဂါမျိုးခံစားနေရသလား??ကျနော်မသေချင်သေးဘူး အသက်ကအခုမှငယ်ငယ်လေးပဲရှိသေးတယ်လေ~
ကျ ကျနော်လေ သူနဲ့အတူတူ သူ့ရဲ့မဟားတရားအချစ်တွေကိုခံယူရင်း ဆံပင်တွေဖြူ သွားတွေကျိုး အဘိုးကြီးဖြစ်သည်အထိ အတူတူနေချင်လို့ပါ

UnfairWhere stories live. Discover now