part-15

8K 777 35
                                    

Unfair**

မွန်းကျပ်နေပြီ ~တယုတယနဲ့ထွေးပိုက်ထားပြီး ရင်ခွင်ကြီးထဲ ထည့်ထားချင်တဲ့စိတ်တွေက မထိန်းထားနိုင်လောက်အောင် ဇောတွေတက်နေတာပေမဲ့~အနားမှာရှိမနေတဲ့ ထွေးပွေ့ခံပေးမယ့် ကျနော့်ရဲ့မက်မောစရာ အသည်းကျော် ကောင်ကလေး ကြောင့် နေမချိထိုင်မသာဖြစ်နေရတယ်

ဆေးရုံကိုပဲပြန်လာလိုပြန်လာငြား သူထွက်ပြေးသွားပြီးကတည်းက လေးနာရီတိတိ~ သူက အရေးအရာအချို့ပေးလို့ လုံးဝအမြင်မကြည်ရတဲ့ လူတယောက်ရဲ့အခန်းရှေ့~သူပြန်လာမယ်
အထင်နဲ့ သည်းခံပြီးစောင့်နေခဲ့တယ်

သူရဲ့အရာရာကို သဘောကျပေမဲ့ သူရဲ့အလေးထား အရေးပေးခံရတဲ့ အရာရာကိုတော့ လုံးဝ သဘောမတွေ့တာ~

Luhan ဆိုတာ ကျနော့်အတွက်ပဲ
စိတ်ဝိဥာဉ်ကော ခန္ဓာကိုယ်ကော ကျနော့်အပိုင်~
သူ့ရဲ့ဝမ်းနည်းခြင်း ဝမ်းသာခြင်း စတဲ့ဖြစ်တည်မှုတွေဆိုတာကလည်း ကျနော့်တယောက်တည်းအပေါ်ပဲအခြေခံနေရမယ် ~ သူက ဘယ်လိုအကြောင်းကြောင်းနဲ့မှ ကျနော့်ထက် အခြားသူတယောက်အပေါ် အရေးမပေးစေ့ချင်ဘူး ~

အခြားသူတွေနဲ့ဆက်ဆံတဲ့အခါ သာမန်ပဲ စကားပြောရုံပဲထား မခံစားနိုင်တာ~ အတ္တပဲပြောပြော လောဘပဲပြောပြော သဘောထားမပြည့်ဘူးပဲပြောပြော ~ ပြောစမ်းပါစေ ~ဒသနတွေကိုဂရုမစိုက်ပါဘူး အရေးကြီးတာ သူ့အပေါ်ချစ်နေရဖို့ပဲလေ

ဒါပေမဲ့လို့ ကျနော့်ရဲ့ တရားလွန်အချစ်တွေက ဆန္ဒမပြည့်နိုင်လိုက်တာ အကြိမ်ကြိမ်ပါ
အကြောင်းကတော့ သူနဲ့ကျနော်က ပတ်ဝန်းကျင်တွေ အရစ်အနှောင်တွေ အစုအစည်းတွေနဲ့ နေထိုင်နေကြတဲ့ လူသားနှစ်ဦးဖြစ်လို့ ဆိုတာပါပဲ ~

ပြောကြဆိုကြ သွားကြလာကြ ဒီလိုအမြဲ နေ့တတူဝ ဆက်ဆံပေါင်းသင်းနေထိုင်ကြရင်း အပြန်အလှန်မှီခိုနေရတဲ့ လူ့အသိုင်းဝိုင်းထဲ သူကအခြားသူကို မျက်စိနဲ့တခဏလေးကြည့်တာတောင်မကြိုက်မိနေတဲ့ ကျနော့်ရဲ့အတ္တလေးက ဘယ်လိုတိုးပါ့မလဲ

သူက ကျနော်မဟုတ်တဲ့ သူ့ပတ်ဝန်းကျင်ကလူတွေကို ဆက်ဆံလေလေ ကျနော်က လွန်လွန်ကဲကဲ မခံစားနိုင်တွေဖြစ်လာရတော့ နှစ်ယောက်ကြားကတောက်ကစအချို့ဖြစ်လာရတယ် လူတွေကတော်တော်ရှုပ်တယ် သူနဲ့မပတ်သက်ပဲနေပေးလို့မရဘူးလား အခုလို သူ ကျနော့်ူဘေးမှာရှိမနေအောင် ရန်ဖြစ်ရအောင် ~ ကျနော် မကြိုက်တဲ့ သူ့ပတ်ဝန်းကျင်ကလူတွေကလုပ်ကြတာ ~

UnfairWhere stories live. Discover now