Unfair**
lu~ luရေ luhan !!
တဖွဖွနဲ့တိုးညင်းစွာ ရေရွတ်နေရာမှ တဖြည်းဖြည်းအသံလေးကအားယူလျက်ကျယ်လောင်စွာထွက်ပေါ်လာတယ်
အရေးပေါ်အခန်းထဲကစပြီး အခု ပြောင်းရွေ့ထားတဲ့VIPအခန်းကိုရောက်သည်အထိတချက်လေးမှယောင်လို့တောင်မလွှတ်စတမ်းကျနော့်လက်တစ်ဖက်ကိုမဟားတရားဆုပ်ကိုင်ထားခဲ့တဲ့သူ့ရဲ့လက်အားကလည်းပိုမိုတင်းကျပ်စွာကျရောက်လာတော့လက်ကိုအားပြင်းပြင်းနဲ့ဖျစ်ချလိုက်သလိုဖြစ်သွားတာမို့ အနည်းငယ်တောင် အောင့်သွားရပြန်တယ်
်
မျက်ခွံလေးတွေကလည်း ခပ်သွက်သွက်လှုပ်ရှားလာတာ~မျက်လုံးတွေပါပွင့်လာတော့မလိုဖြစ်နေလျက် ကျနော့်နာမည်ကိုလည်း ပိုလို့ပင်ပီသကျယ်လောင်စွာအော်ခေါ်လာတယ်သတိရလာတော့မယ်ထင်တယ်~သူမေ့မြောနေတာ တစ်ညနဲ့တစ်မနက်ခင်းရှိလို့ အခု နေ့လည်အချိန်တောင်ကျော်ရော့မယ်~သူ့အနားမှာပဲ သူရှိစေချင်တဲ့အတိုင်း နေပြီး ရုန်းလို့မရအောင်ဆွဲကိုင်ထားတဲ့သူ့လက်ကလေးကိုပြန်လည်ဆုပ်ကိုင်ထားရင်း မြန်မြန်ပြန်သတိရလာဖို့ဆုတောင်းပေးနေတာ~
နာရီလည်းကြည့်ဖို့တောင်သတိမရမိပါဘူးlu" chenရေ hunသတိရလာပြီထင်တယ် ဆရာဝန်တွေဆီသွားအကြောင်းကြားပေးပါ"
အတော်အတန်မဟုတ်သော အကျယ်အဝန်းရှိတဲ့ လူနာခန်းတစ်ခုဖြစ်လို့ ခပ်လှမ်းလှမ်းမှာ ခင်းကျင်းထားတဲ့ ဆိုဖာပေါ်ထိုင်နေရင်းစောင့်နေခဲ့တဲ့ chenကကျနော့်စကားသံကိုကြားလိုက်တာနဲ့ အနားချက်ချင်းပြေးလာပြီး အခြေအနေတချက်ကြည့်ကာ ဆရာဝန်တွေဆီအပြေးသွားခေါ်တော့တယ်
ခေါင်းကိုဘယ်ညာရမ်းခါရင်း အသည်းအသန်ကျနော့်နာမည်တလုံးတည်းကိုပဲ ခပ်ကြမ်းကြမ်းလေသံတခုနဲ့ အသားကုန်ရေရွတ်နေရင်း မျက်လုံးတွေပွင့်မလာသေးတဲ့သူ့ပုံစံကိုမြင်မိပြီး ကျနော်စိတ်တွေအရမ်းပူလာရပြီ~
lu"Hun သတိထားဦးလေ luရှိနေတယ် hunဘေးမှာ luရှိနေပါတယ်လို့
လွတ်လပ်နေတဲ့ လက်တဖက်နဲ့ သူ့ရဲ့စိတ်တွေလျော့လာအောင့်  သူ့ပါးပြင်လေးတဖက်ပေါ်ပွတ်သပ်ပေးလိုက်ရင်း ဆရာဝန်တွေအမြန်လာဖို့ ကျနော်မျှော်လင့်နေမိတယ်
YOU ARE READING
Unfair
Randomကိုယ့်ရဲ့အရာရာတိုင်းက luhanပါ အရမ်းချစ်သည် ချစ်သည် luhanဆိုတာ oh sehunအတွက်တစ်လောကလုံးမှတဦးတည်းသောကောင်လေးတစ်ယောက်ဖြစ်သည် ကိုယ်ကလည်း luအတွက်ပါ luလက်ထဲမှာ luသေဆိုသေ ရှင်ဆိုရှင်ခိုင်းလိုက်စမ်း အသင့်ပဲ