Together Forever

4.7K 150 6
                                    

"ဒုန်း ခွမ်း..."
"ဒီမှာ ရှင်တရားလွန်လာပြီနော် အမေ့မျက်နှာကြောင့်သည်းခံနေတာ ရောင့်တတ်မလာနဲ့.တောက်." သူမ ဒေါသတကြီးပြောရင်း တောက်တချက် ခေါက်လိုက်သည်.
"ဘာာ ဘာဖြစ်တယ် နင့်လိုမလောက်လေးမလောက်စားကများ လာပြီးတော့..သေစမ်း".ထိုသူ သူမကိုပြောရင်း ဆောင့်တွန်းလိုက်သည်
'အာ့.." နောက်က ခုံစောင်းနှင့်ဆောင့်မိသဖြင့်သူမခွေကျသွားသည် အရှိန်လည်းပြင်းသဖြင့် မျက်ရည်တောင် လည်လာသည် ဒေါသငယ်ထိပ်ရောက်လာကာ ထိုသူကိုမျက်ထောင့်နီဖြင့်မော်ကြည့်လိုက်
သည်.
"နင်ကများ..အဲ့လိုကြည့်ရဲတယ်ပေါ့ ငါလုပ်လိုက်ရရင်တော့..ဒီကောင်မတော့သေတော့မယ်."နီးရာ ဖန်ကွဲစကို ကောက်ကိုင်ရင်း..သူမနားရောက်ခါနီး..
"တော်ပါတော့ ဦးလေးရယ် တော်ပါတော့ သမီးကကြားထဲက တောင်းပန်ပါတယ် ဒီလိုမျိုးတောင်းပန်ပါတယ် unnie ကို မရိုက်ပါနဲ့တော့နော် unnie သနားပါတယ် သမီးကိုသနားရင် ဆက်မလုပ်ပါနဲ့တော. ဟီး... ဟီး... "
ကလေးမလေးခမျာ သူ့အမအတွက် လက်အုပ်ချီပြီးငိုကာ တောင်းပန်ရှာသည်
"seo လေး...ဘာလို့တောင်းပန်နေတာလဲ မငိုနဲ့တိတ်နော် အဲ့လူကြီးကို တောင်းပန်စရာမလိုဘူး.တိရစ္ဆာန်ကောင်ကြီး.."..
"နင် အလျှော့ပေးလေ ပိုဆိုးလေပါလား. ငါလုပ်လိုက်ရ."
"တော်ပါတော့ ဆိုနေ ဦးလေးရာ.."
"အေး ဒီနေ့တော့ ငယ်လေးကြောင့် နင့်လွှတ်ပေးလိုက်မယ်.."ဆံပင်လေးကိုသပ်ရင်း" Lim Yoona အို ဘယ်ဟုတ်မလဲ Han Yoona သတိထားနေပါ"ဟား..ဟား..ဟား.
."လှောင်ပြောင်ပြီးရယ်ကာထိုသူထွက်သွားသည်.."ဒီလူကိုတော့ ငါ.အာ့."စောနက ခိုက်ထားတဲ့ဒဏ်ကြောင့် သူမရုတ်တရက် လဲကျသွားသည်
"ထားပါတော့ unnie ရယ်..လွှတ်ထားလိုက်ပါ အဲ့လူကြီးကို..
seo လေး ဆေးလိမ်းပေးမယ်လေ unnie နာနေရောပေါ့..အခန်းထဲသွားရအောင်နော် လာ." "အင်းပါ..unnie အလုပ်ပိုကြိုးစားရမယ် ဒါမှ တို့သားမိ ၃ ယောက် ဒင်းလက်ကလွှတ်မှာ."
"ဟင်း..omma လား..seo တို့နဲ့လိုက်နေပါလိမ့်မယ် အာ့ကြီးကြီး..unnie လည်း သိရဲ့သားနဲ့.." " aigooo ကလေးမ ကိုယ့်အမေကို ဘယ်လိုပြောနေတာလဲ ဘာပဲဖြစ်ဖြစ် omma ကိုတော့ သူနဲ့မထားခဲ့နိုင်ဘူး."
"ဟုတ်ပါပြီရှင် အခုတော့ဆေးလိမ်းရအောင်နော် လာ.." "အင်း. "

Yoona က သူ့ညီမလေးကို အလွန်ချစ်သည် လိမ္မာပြီးစာလည်းကြိုးစားသဖြင့် သူတတ်နိုင်သမျှအစစအရာရာဖြည့်ဆည်းပေးချင်သည် ဖေဖေ စီးပွားရေးကျပြီးနောက် သူတို့မိသားစုစားဝတ်နေရေး ခက်ခဲလာသည်သူအထက်တန်းအောင်ပြီးပြီးချင်းအလုပ်လုပ်သည် အလယ်တန်းကတည်းက ထွက်ချင်ပေမယ့် မိဘ၂ပါးလုံးက "seo လေးက ငယ်ပါသေးတယ်ကွယ် ပြီးတော့အမေတို့လည်း တတ်နိုင်သေးတာပဲအထက်တန်းထိတော့တတ်လိုက်ပါသမီးရယ် နော်"
"ဟုတ်တယ်သမီး ငယ်တုန်းပညာကယူထားမှ ဖေဖေတောင်းပန်ပါတယ်သမီးရယ် ဖေဖေ့ကြောင့်ငါ့သမီးလေးပညာရေးထိခိုက်ရပြီ" သူ့သမီးကြီးကို ဖက်ရင်းပြောလိုက်ခြင်းပါ "ရပါတယ် appa ရယ် အဲ့လိုမပြောပါနဲ့ သမီးကအစကတည်းက ဥာဏ်လည်းမကောင်း၊စာလည်းမရတော့အဆင်ပြေသွားတာပေါ့. သမီးကိုစိတ်မပူပါနဲ့ appa နဲ့ omma သာ သမီးတို့ညီအမနားရှိရင်ကျေနပ်ပါပြီ"
"အို သမီးရယ်.."

Together ForeverTahanan ng mga kuwento. Tumuklas ngayon