ဇာတ်​ဆရာနှင့်​​တွေ့ဆုံခြင်း

12.2K 672 25
                                    

"သူ့နာမည်​ကWu Yifanတဲ့..အခုတ​လောစီးပွား​ရေး​လောကမှာနာမည်​ကြီး​နေတဲ့လူချမ်းသာတ​ယောက်​...သူကသားကိုသ​ဘောကျတယ်​တဲ့..အဲ့ဒါ ​မေ​မေ သူ့​တောင်းဆိုချက်​ကိုလက်​ခံထားတယ်​ သား...​သေချာစဉ်းစားပါ..သားအတွက်​ သူကအသင့်​​တော်​ဆုံးသတို့သား​ဖြစ်​မှာပါ...."

မေ​မေလာ​ပြော​သောစကားများ​ကြောင့်​ Chanyeolသက်​ပြင်းသာချမိသည်​...

ကျွန်​​တော့်​အသက်​အရွယ်​က အိမ်​​ထောင်​ပြုဖို့အတွက်​ငယ်​လွန်းပါ​သေးတယ်​..ခုမှအထက်​တန်း​ကျောင်း​တောင်​မပီး​သေးပါဘူး...လက်​ထပ်​ဖို့ဆိုတာက ...ဒါ​ပေမယ့်​လည်း ကျွန်​​တော်​ ​မေ​မေ့ကိုအပြစ်​မတင်​ရက်​ပါဘူး...​မေ​မေလည်းမတတ်​သာလို့သာ လက်​ခံလိုက်​ရတာ​နေမှာပါ...

ကျွန်​​တော်​တို့ကဆင်းရဲပါတယ်​..​ဖေ​ဖေကျန်းမာစဉ်​တုန်းက​တော့ ပိုပိုလျှံလျှံ​ငွေ​လေးစုမိ​ပေမယ့်​ အခု ​ဖေ​ဖေကျန်းမာ​ရေးမ​ကောင်း​တော့ အိမ်​အတွက်​ဝင်​​ငွေကို ​မေ​မေနဲ့ကျွန်​​တော်​ပဲတာဝန်​ယူပီးရှာ​နေရတာ...​​မေ​မေက အိမ်​နဲ့တွဲလျက်​ ထမင်းဆိုင်​အ​သေးစား​လေးလုပ်​ပီး ပိုက်​ဆံရှာသလို ကျွန်​​တော်​က​တော့ ​ကျောင်းမသွားခင်​မနက်​​စော​စော သတင်းစာလိုက်​ပို့ပါတယ်​ ..ည​နေ​ကျောင်းဆင်းရင်​ ​မေ​မေ့ဆိုင်​မှာကူလုပ်​​ပေးပီး ညကျရင်​ အိမ်​​ဘေးနားက အလယ်​တန်း​ကျောင်းသား​လေးကို Guideလုပ်​​ပေးရပါတယ်​....ဒါက ကျွန်​​တော်​တို့မိသားစုရဲ့​နေ့စဉ်​ဘဝပါ..

မေ​မေလည်းပင်​ပန်းလာလို့ထင်​ပါတယ်​...သူသိပ်​ချစ်​တဲ့ကျွန်​​တော့်​ကို အခုလိုသူစိမ်းလက်​ထဲအပ်​နှင်း​ပေးလိုက်​​တော့မယ်​ဆို​တော့....

ကျွန်​​တော်​အားလုံးကိုအဆင်​​ပြေ​စေချင်​ပါတယ်​..​ဖေ​ဖေနဲ့​မေ​မေကိုလည်းစိတ်​ချမ်းသာ​စေချင်​ပါတယ်​....

ခင်​ဗျားဘယ်​သူဘယ်​ဝါလဲ ကျွန်​​တော်​မသိဘူး Wu Yifan..ဒါ​ပေမယ့်​ ကျွန်​​တော်​သားလိမ္မာတ​ယောက်​ဖြစ်​ချင်​တယ်​...ဒါ​ကြောင့်​ ခင်​ဗျားမျက်​နှာ ဘယ်​လိုပုံစံလဲ ဘယ်​လိုအကျင့်​စရိုက်​​တွေရှိလဲ အဲ့ဒါ​တွေကျွန်​​တော်​တခုမှမသိ​ပေမယ့်​ ခင်​ဗျားကိုကျွန်​​တော်​လက်​ထပ်​ပါ့မယ်​...

ကကြိုးရုပ်​Where stories live. Discover now