မနက်မိုးလင်းလို့ အိပ်ရာကနိုးလာရင် သူ့ရင်ခွင်ထဲမှာ နိုးထချင်ခဲ့တာ...သူများစုံတွဲတွေလို သူ့ကို ဆိုးရင်း ချွဲနွဲ့ရင်း သူပေးမယ့် morning kissတွေနဲ့ ကျွန်တော့်ရဲ့မနက်ခင်းလေးကိုစတင်ချင်ခဲ့တာ....ခုတော့ဗျာ..
ဘယ်အချိန်ကတည်းက အိမ်ကထွက်သွားတယ်မသိဘူး...Chanyeolစားပွဲပေါ်က နာရီကိုကြည့်လိုက်တော့ ၉နာရီထိုးနေပီလေ....
"ဟမ်..၉နာရီတောင်ထိုးသွားပီလား....အဲ့ဒါကြောင့် သူအလုပ်ထသွားတာထင်တယ်...အဲ့ဒါကိုငါကမသိပဲ သူ့ကိုအပြစ်တင်နေသေးတယ်...Sorry ပါWu Yifanရယ်..ကျွန်တော်ကဖြစ်စေချင်တာလေးကိုပြောပြရုံပါ..."
"Coz all of me..love ..all of u.."(Ringtone)...
Contact nameကြည့်လိုက်တော့ Soohyuk hyung......
"Hello.."
"........."
"nae..အားပါတယ်...."
"........."
"ဟိုလေ...ကျွန်တော်....ဟို...."
"........"
"nae...လာခေါ်လိုက်လေ...စောင့်နေမယ်.."
ဟုတ်တယ်...ကျွန်တော် သူနဲ့လက်ထပ်ထားတဲ့အကြောင်းကို Soohyuk hyungကိုသေချာပြောပြရမယ်...ဒီတခါတွေ့ပီးရင် အတတ်နိုင်ဆုံး သူစိတ်ချမ်းသာအောင် ဆက်မတွေ့ပဲနေရမယ်....Wu Yifan..ခင်ဗျားအတွက် ကျွန်တော်မိတ်ဆွေကိုတောင်စွန့်လွှတ်ပေးနိုင်တယ်နော်...ခင်ဗျားစိတ်ဆင်းရဲမှာစိုးလို့ပါ..Wu Yifanရယ်...
**************
"ဒါကဘယ်နေရာလဲ...ဘယ်သူ့အိမ်လဲ.."
ခံ့ညားထည်ဝါသော ခြံဝန်းကျယ်ကြီးအတွင်းတွင် အခမ်းအနားတခုကျင်းပနေပုံပင်...ရွှေရောင်ငွေရောင် တဖိတ်ဖိတ်တောက်နေအောင် ဝတ်ဆင်ထားကြသော ဂုဏ်သရေရှိလူတန်းစားတချို့ ကိုယ်စီကိုယ်စီ နေရာယူ စကားစမြည်ပြောဆိုနေကြသည်...
"ဟို..မင်းသိပါတယ်..ဟိုနေ့က ကုန်တိုက်မှာတွေ့ခဲ့တဲ့လူလေ.....သူ့Companyက Partyပွဲလုပ်တာ...ဒါသူ့အိမ်..."