ကျွန်တော်ဒီနေ့ကျောင်းဝန်းထဲကိုစဝင်လာကတည်းက တခုခုထူးဆန်းနေသလိုပင် ..ဟိုတစု ဒီတစု ကျောင်းသားကျောင်းသူများ ဖုန်းကိုယ်စီကြည့်နေရင်း ကျွန်တော့်ကိုမသိမသာခိုးကြည့်နေကြကာ တီးတိုးစကားတို့ပြောဆိုနေကြသည်....ဘာတွေဖြစ်နေကြတာလဲမသိ....
"ဟဲ့...တန်းခွဲBကPark Chanyeolဆိုတာ သူပေါ့...Wu Groupရဲ့ပိုင်ရှင်နဲ့မကင်းမရှင်းဆိုပဲ...တယောက်တည်းမဟုတ်ဖူးနော်..Lee Familyက သားအကြီးဆုံးနဲ့ပါ မကင်းမရှင်းတဲ့လေ..."
"ရုပ်ကလေးကသနားကမားနဲ့...."
"ချူစားနေတာနေမှာ...."
ဘာတွေပြောနေကြတာလဲ.....သူတို့ပြောနေတာတွေ ကျွန်တော်ဘာမှနားမလည်ဘူး.......
ကျွန်တော်ဖုန်းဖွင့်ကာ internetဖွင့်လိုက်တော့ ပြဿနာရဲ့အရင်းအမြစ်ကိုသိလိုက်ရပါပီ.....
Internetကွန်ယက်ပေါ်မှာ ပလူပျံအောင် တက်နေတဲ့ ကျွန်တော်တို့သုံးယောက်ပုံတွေ...
"Wu Groupမှ Wu Yifan၏ဖုံးကွယ်ထားသောအချစ်ဇာတ်လမ်း....."တဲ့....
သေသေချာချာအတည်ပြုထားတာမဟုတ်ပေမယ့်လည်း ပုံများအရ ကျွန်တော်တို့ဆိုတာ သေချာနေပီလေ.......
ကျွန်တော် ဘယ်လိုလုပ်မရလဲဟင်....ဒီသတင်းကိုသူရောသိပီးပီလား??...ကျွန်တော်နဲ့ပတ်သက်နေတဲ့အကြောင်း လူတွေသိသွားလို့ သူကျွန်တော့်ကိုစိတ်ဆိုးဒေါသဖြစ်နေမလား??...ကျွန်တော်ဒီကိစ္စနဲ့ပတ်သက်ပီး ဘာမှမသိရပါဘူး Wu Yifanရယ်...
ဟင့်အင်း.....ရင်မဆိုင်ရဲဘူး.....ကျွန်တော့်ကို အဆင့်မရှိတဲ့သူလို အထင်သေးအမြင်သေးအကြည့်တွေ ကျွန်တော်ရင်မဆိုင်ရဲဘူး..........မဟုတ်ရပါဘူး....ကျွန်တော်က သူ့ကိုချူစားနေတာလည်းမဟုတ်ပါဘူး....သူ့ကိုချစ်လွန်းလို့သာ တွယ်ကပ်နေမိတာပါ.....ကျေးဇူးပြုပီး ကျွန်တော့်ကိုအဲ့လိုအကြည့်တွေနဲ့မကြည့်ကြပါနဲ့ဗျာ......