"အဟွတ်...အဟွတ်..."
အိပ်ခန်းအတွင်းက အိပ်ရာပေါ်မှာလှဲရင်း ချောင်းတဟွတ်ဟွတ်ဆိုးနေသော ဖေဖေ့ကိုကြည့်ရင်း ကျွန်တော်စိတ်မကောင်းဖြစ်ရသည်..ဒီရက်ပိုင်းအတွင်း ဖေဖေ့ကျန်းမာရေးကပိုဆိုးရွားလာသည်လေ...
ကျွန်တော်ဖေဖေ့ကို ပြုစုပေးနေတုန်း မေမေကအခန်းတံခါးအသာဟကာ အသာလက်ယပ်ခေါ်သည်....
ကျွန်တော်ဖေဖေ့ကို စောင်သေချာခြုံပေးပီး အခန်းအပြင်ထွက်လာလိုက်တော့ မေမေက ခပ်တိုးတိုးပြောရှာသည်...."သားအဖေ အခြေအနေက သိပ်မကောင်းဘူးလို့ ဆရာဝန်ကြီးကပြောတယ် သား.."
"ဟိုတနေ့က ဆေးစစ်ချက်ကရော....ဘာလုပ်ရမယ်တဲ့လဲ.."
"အသည်းအစားထိုးခွဲစိတ်ကုသရမယ်တဲ့..ဒါတောင် ပြန်ကောင်းနိုင်ခြေက ၃၀%ပဲရှိတယ်တဲ့...မေမေတို့ဘယ်လိုလုပ်ကြမလဲ သားရယ်....အိမ်ရဲ့ပိုက်ဆံအခြေအနေက သားသိတဲ့အတိုင်းပဲလေ...."
မျက်ရည်တွေဝဲရင်း ပြောနေသော မေမေ့ပုံစံကြောင့် ကျွန်တော်သက်ပြင်းသာချမိသည်...ဟုတ်ပါတယ်...ကျွန်တော်တို့အိမ်ရဲ့ စီးပွားရေးက ကျွန်တော့်လခပေါ်မှာပဲ မူတည်နေတာ....မေမေကလည်းအသက်ကြီးပီဆိုတော့ အလုပ်မလုပ်နိုင်တော့ဘူးလေ....ကျွန်တော်ရှာပေးတာကိုပဲ မိသားစုလောက်ငအောင်သုံးနေရတာ...ကျွန်တော်တို့မှာအပိုဝင်ငွေဘယ်ရှိမလဲဗျာ.....
ကျွန်တော့်ခေါင်းထဲအရင်ဆုံး စဉ်းစားမိတာ Soohyuk hyungဆီအကူအညီတောင်းဖို့ပဲ..ဒါပေမယ့် ကျွန်တော်မလုပ်ချင်ဘူး....အရမ်းအားနာဖို့ကောင်းတယ်မို့လား..သူ့ကိုတော့လက်မခံနိုင်ပဲနဲ့ သူ့ဆီအကူအညီတောင်းဖို့ဆိုတာက ကျွန်တော်အရမ်းမျက်နှာပြောင်သလိုဖြစ်သွားမှာပေါ့...
ကျွန်တော်အရမ်းစိတ်ပင်ပန်းတယ် Wu Yifanရယ်...ခင်ဗျားသာကျွန်တော့်ဘေးမှာရှိရင် ခင်ဗျားကူညီပေးနိုင်မှာနော်...
ခင်ဗျားဆီကပိုက်ဆံကိုမျှော်လင့်တာမဟုတ်ပါဘူး...ကျွန်တော်စိတ်အားငယ်နေတဲ့အချိန်မှာ ကျွန်တော့်ကိုထွေးပွေ့ပေးထားမယ့် ခင်ဗျားရဲ့နွေးထွေးတဲ့ရင်ခွင်လေးကို ကျွန်တော်တောင့်တမိတာပါ......အနည်းဆုံးတော့ ကျွန်တော်စိတ်မပင်ပန်းတော့ဘူးပေါ့ဗျာ...