Chanyeolဒီနေ့ ကျောင်းမှာ စာမေးပွဲအတွက်အရေးကြီးတဲ့သင်ခန်းစာတွေသင်မှာမို့ ကျောင်းသွားဖို့ပြင်ဆင်နေလိုက်သည်....စိတ်ညစ်တယ်ဆိုပီးကျောင်းမသွားပဲနေလို့ဘယ်ရမလဲနော်....Wu Yifanကြောင့်စိတ်ညစ်တာက စိတ်ညစ်တာပဲ....စာမေးပွဲကစာမေးပွဲပဲ..သူ့ကြောင့်စိတ်ညစ်တယ်ဆိုပီး စာမကျက်ပဲနေရင် ကျွန်တော်စာမေးပွဲကျကာမှ အဲ့ဒီWu Yifanလည်း လာမကယ်နိုင်ဘူး.....
"အကိုလေး..."
"ဘာလဲ...ကျောင်းသွားမယ်...လိုက်ပို့.."
"ဟို....သူဌေးကမှာထားတယ်....အကိုလေး ဒီနေ့ကျောင်းမသွားနဲ့ တဲ့.."
"ဘာဖြစ်ရပြန်တာလဲ...မသွားလို့မရဘူး...မင်းလိုက်မပို့နိုင်ရင်လည်း မပို့နဲ့...ငါ့ဘာသာbusနဲ့သွားမယ်..."
"အဲ့လိုတော့မလုပ်ပါနဲ့..အကိုလေးရယ်...သူဌေးကသေချာမှာထားလို့ပါ..."
"ဟာ!! မသွားလို့မရဘူး..."
အလုပ်သမားကောင်လေးနဲ့ စကားများပီး စိတ်တိုတိုနဲ့ကျောင်းကိုbusနဲ့သာထွက်လာခဲ့သည်...ဟိုကောင်လေးကတော့ အနောက်ကနေ မရမက တောင်းပန်ပီးလိုက်ခေါ်ရှာပါတယ်....ကျွန်တော်တကယ်စိတ်ဆိုးတယ်...အဲ့ဒီလူကြီး တကယ်ပဲ..အကုန်လုံးကိုချုပ်ချယ်နေတာ...
Chanyeolအတန်းထဲရောက်တော့ ဆရာတောင်ဝင်နေပီ...
ကျွန်တော် ဆရာ့ကိုဝင်ခွင့်တောင်းပီး ကိုယ့်နေရာကိုဝင်ထိုင်ပီး သင်ခန်းစာတွေလိုက်မှတ်နေလိုက်သည်....
အကယ်၍ ဒီနေ့ ဒီအချိန်မှာ အခုလိုမျိုးကိစ္စတွေဖြစ်လာမယ်မှန်းကြိုသိခဲ့ရင်လေ ကျွန်တော်စာမေးပွဲကျချင်ရင် ကျသွားပါစေ..ကျွန်တော်ကျောင်းလာခဲ့မှာမဟုတ်ဘူး......ခင်ဗျားသိပါလေစ Wu Yifanရယ်.....
ဒါကြောင့်ကိုး..ဒါကြောင့် ခင်ဗျားကျွန်တော့်ကိုကျောင်းမလာခိုင်းတာကိုး....
ကျေးဇူးတင်ပါတယ်...Wu Yifanရယ်...ကျွန်တော့်အတွက်ထည့်စဉ်းစားပေးလို့...