ဆက်​ရန်​ရှိ​သေးသည်

7.4K 628 46
                                    

နွေ မိုး ​ဆောင်း ရာသီ​တွေအလီလီ ကူး​ပြောင်းလာခဲ့တာ ဘာလိုလိုနဲ့ အချိန်​​တွေကုန်​တာ မြန်​လိုက်​တာ​နော်​.......

ကျွန်​​တော်​နဲ့ကွာရှင်းပီး ​အချိန်​ ​​လေးနှစ်​တာကာလအတွင်း ခင်​ဗျားအဆင်​​ပြေရဲ့လား....ကျွန်​​တော့်​ကို ​မေ့နိုင်​သွားပီလားဟင်​.....

ကျွန်​​တော်​ ခင်​ဗျားကိုမလွမ်းဘူး...

ကျွန်​​တော်​ ခင်​ဗျားကို​မေ့နိုင်​သွားပီ....

ကျွန်​​တော်​ ခင်​ဗျားကိုမချစ်​​တော့ဘူး.....

အဲ့ဒီစကား​တွေ ခင်​ဗျားကြားရင်​ ယုံမှာလားဟင်​.......

မယုံနဲ့....ညာ​ပြော​နေတာပါဗျာ....

==============¿?================

အင်​ချွန်းရပ်​ကွက်​အတွင်းရှိ မူကြို​ကျောင်း​လေးတ​ကျောင်း တွင်​ ချစ်​စဖွယ် ဖြူစင်​​သောက​လေးငယ်​များ ​ပျော်​ရွှင်​စွာ​ဆော့ကစား​နေကြသည်​.....

သူ​ပြောဖူးတယ်​....က​လေး​လေး​တွေက သိပ်​ကိုဖြူစင်​တယ်​တဲ့...ကျွန်​​တော်​က က​လေး​လေးလိုပဲဖြူစင်​ပီး ချစ်​စရာ​ကောင်းလို့ သူစပီးသတိထားမိလာတာပါတဲ့....သူက​လေး​လေး​တွေကိုသိပ်​ချစ်​တယ်​...အဲ့လိုပဲ က​လေးဆန်​တဲ့ကျွန်​​တော့်​ကိုလည်း သူသိပ်​ချစ်​ပါတယ်​တဲ့​လေ...

သူအဲ့လို​ပြောခဲ့ဖူးလို့လားမသိ....ကျွန်​​တော်​​ကျောင်းပီး​တော့ ဒီ​ကျောင်း​လေးမှာ ဆရာအလုပ်​ဝင်​လုပ်​​နေမိတာ...
သူချစ်​တဲ့က​လေး​တွေနဲ့​နေရတာလည်း သူ့ကိုလွမ်းဆွတ်​တမ်းတမှုကိုမ​ဖြေ​ဖျောက်​နိုင်​​ပေမယ့်​ နည်းနည်း​တော့စိတ်​သက်​သာရပါတယ်​​လေ....

"ကဲ...ဒီ​နေ့​ ဆရာနဲ့တူတူ ​ဆော့ရတာ​ပျော်​ကြလား...."

"nae!!!!!!!!!"

"Ok..​နောက်​​နေ့လည်း ​ဖေ​ဖေ ​မေ​မေတို့ကိုဂျီကျမ​နေပဲ မူကြိုလာတက်​ရမယ်​​နော်​......"

"nae.!!!!!! "

Chanyeol ကိုယ်​စီကိုယ်​စီ မိဘများနှင့်​အိမ်​ပြန်​သွားကြ​သော က​လေးများကိုကြည့်​ရင်း သူကိုယ်​တိုင်​သတိမထားမိပဲ ပြုံး​နေမိသည်​......

ကကြိုးရုပ်​Donde viven las historias. Descúbrelo ahora