"ဟင်...သူ...သူလည်းမဟုတ်ဘူး..."
ကားထဲကနေ ဆင်းလာပီး Sophiaလေးကိုပွေ့ချီကာ ပြုံးပြုံးရွှင်ရွှင်နှင့် ကားလေးကိုမောင်းထွက်သွားသော အသက်၄၀ခန့် ခံ့ညားသောယောက်ျားတဦး.....သူဖြစ်မယ်ထင်ခဲ့တာ...အဲ့ဒါဆို သူတို့လက်မထပ်ဖြစ်ခဲ့ဘူးပေါ့......
ဘာရယ်မဟုတ် စိတ်ထဲဝမ်းသာကြည်နူးမိသလိုပင်.....သူ ကျွန်တော့်ကိုမမေ့နိုင်သေးလို့များ အဲ့ဒီ မမနဲ့လက်မထပ်ခဲ့တာများလား??...အဲ့ဒါဆို သူကအခုဘယ်မှာလဲ...ဒီလေးနှစ်အတောအတွင်း သူ့အကြောင်းလည်း ဘာမှမကြားမသိခဲ့ရဘူး....သူဘယ်တွေများရောက်နေပါလိမ့်...
နေပါဦး Park Chanyeolရဲ့....မင်းကဘာတွေပျော်နေသေးတာလဲ..ဘာတွေကိုမျှော်လင့်နေသေးတာလဲ...သူ တခြားသူနဲ့လက်မထပ်ဖြစ်တော့ရော သူကမင်းဆီပြန်လာမှာတဲ့လား...
ကွာရှင်းပီးတာပဲလေးနှစ်ကြာခဲ့ပီလေ....
သူမင်းကိုနည်းနည်းလေးတောင် ငဲ့ကြည့်ခဲ့လို့လား...
ခဏလေးဖြစ်ဖြစ် လာတွေ့ခဲ့လို့လား....
မင်းနဲ့သူနဲ့က ဘာမှမသက်ဆိုင်တော့ဘူးလေ....
မေ့လိုက်တော့.....သူနဲ့ဝေးဝေးနေဖို့ ကျင့်သားရတော့မယ့် မင်းနှလုံးသားလေးကို ဒဏ်ရာတွေထပ်မပေးစမ်းနဲ့.......ခုမှအနာကျက်ကာစပဲရှိသေးတာကို....အိပ်စက်နေတဲ့နှလုံးသားလေးကို မျှော်လင့်ချက်တွေ တဝကြီးပေးပီး နိုးထလာအောင်မလုပ်စမ်းနဲ့...
================¿?===============
"ဆရာPark "
"nae.."
ကျွန်တော် ကလေးတွေကိုစာသင်ပေးနေတုန်း အခန်းအပြင်ကနေ ကျောင်းဆရာတယောက်လှမ်းခေါ်တာကြောင့် အပြင်ခဏထွက်လာလိုက်တယ်....
"ဧည့်သည်ရောက်နေတယ်.....ဆရာနဲ့တွေ့ချင်လို့တဲ့.."
"ဟုတ်ကဲ့....အဲ့ဒါဆို ကျွန်တော့် ကလေးတွေ ခဏထိန်းထားပေးပါ ဆရာ..."