ကကြိုးရုပ်​အဖြစ်​သို့​ရောက်​ရှိခြင်း

9.4K 679 25
                                    

မနက်​​ ၈နာရီခန့်​တွင်​ ကျွန်​​တော်​နိုးလာသည်​...ညကညဉ့်​နက်​တဲ့အထိ သူပြန်​လာမလားလို့ ကျွန်​​တော်​​မအိပ်​ပဲ​စောင့်​​နေခဲ့သည်​...ဒါ​ပေမယ့်​ သူပြန်​မလာခဲ့ဘူးထင်​တယ်​...အခုသူ့ကို​တွေ့မှမ​တွေ့ပဲ....

ရေမိုးချိုးပီး အဝတ်​ဗီရိုကိုဖွင့်​ကြည့်​လိုက်​​တော့ ကျွန်​​တော့်​အတွက်​သစ်​လွင်​​သောအဝတ်​အစားတို့က အထပ်​လိုက်​ အစီအရီပင်​....သူကျွန်​​တော့်​အတွက်​လို​လေ​သေးမရှိ​အောင်​ပြင်​ဆင်​​ပေးထားသည်​ပဲ..
ကျောင်းဝတ်​စုံအသစ်​​လေးကိုဝတ်​ဆင်​လိုက်​ရင်း ကျွန်​​တော်​​ကျောင်းသွားဖို့ပြင်​ဆင်​​နေလိုက်​သည်​...

မနက်​စာစားဖို့အိမ်​​အောက်​ထပ်​​ရောက်​​တော့မှ ခြံထဲကို​မောင်းဝင်​လာ​သော သူ့ကားကို​တွေ့ရသည်​....

သူပြန်​လာပီအထင်​နဲ့ အိမ်​​ပေါက်​ဝကို​ပြေးပီးကြိုလိုက်​​တော့ ကားထဲကထွက်​လာတဲ့လူက သူမဟုတ်​တာ​ကြောင့်​ စိတ်​ထဲမ​ကောင်းဖြစ်​သွားရသည်​....

ကျွန်​​တော့်​မှာ​တော့ သူ့ကိုတညလုံး​မျှော်​လိုက်​ရတာ....သူက​တော့ အခုထိပြန်​မလာဘူး......

"အစ်​ကို​လေးကChanyeolမလား? "

"အင်း....."

"သူ​ဌေးကမှာထားတယ်​..အစ်​ကို​လေးကို​ကျောင်းလိုက်​ပို့​ပေးလိုက်​ပါတဲ့..သူ​ဌေးကအလုပ်​မအားလို့ပါတဲ့ ...အဲ့ဒါ အစ်​ကို​လေးအဆင်​​ပြေ​အောင်​သူ့ကားကို​ပေးလိုက်​တာ.."

"ဟုတ်​လား...အဲ့ဒါဆိုလည်း သွားမယ်​​လေ.."

Chanyeolစိတ်​ပျက်​စွာကား​နောက်​ခန်းမှာဝင်​ထိုင်​လိုက်​သည်​..မနက်​စာလည်းစားချင်​စိတ်​မရှိ​တော့....ဒီအတိုင်းသာ​ကျောင်းသွားလိုက်​သည်​...

ကျောင်းစာ​တွေကလည်းစိတ်​ဝင်​စားဖို့မ​ကောင်းလိုက်​တာ.....တချိန်​ပီးတချိန်​သာပီးသွားတယ်​ ..ကျွန်​​တော့်​​ခေါင်းထဲဘာစာဆိုစာမှမ​ရောက်​လိုက်​ပါ...တချိန်​လုံးသူ့အ​ကြောင်းပဲထိုင်​​တွေး​နေမိတာ......

မုန့်​စားဆင်းလို့ ​ကျောင်းcanteenဘက်​သွား​​တော့ လမ်းမှာ အမှတ်​မထင်​သူ့ကို​တွေ့လိုက်​ရတယ်​...
သူ့​ဘေးမှာလည်း ​ကျောင်းအုပ်​ကြီးနဲ့ သူ့အလုပ်​သမားတချို့ ..​ကျောင်းဝန်းထဲကတ​နေရာမှာရပ်​ပီး စကား​ပြောဆိုရယ်​​မော​နေကြသည်​...

ကကြိုးရုပ်​Where stories live. Discover now