"အကိုလေး..သတင်းစာထားခဲ့ပီနော်..."
ခြံရှေ့မှ သတင်းစာလာပို့သောကောင်လေးကလှမ်းအော်သဖြင့် Chanyeolသတင်းစာယူရန် ထွက်လာခဲ့သည်...
သတင်းစာ၏ခေါင်းစီးပိုင်းတွင် စာလုံးခပ်ကြီးကြီးဖြင့်ရေးသားထားသော သတင်းတပုဒ်ကြောင့် Chanyeolရဲ့မနက်ခင်လေး ရုပ်ဆိုးအကျည်းတန်ခဲ့ပီ....
"Wu Groupမှ တဦးတည်းသောသားWu Yifanနှင့် Kim Group မှတဦးတည်းသောသမီး Kim Hanaတို့၏ စေ့စပ်မင်္ဂလာ.."
တည်ကြည်သော အသွင်အပြင်နှင့်သူ့လက်မောင်းကိုချိတ်ကာ ပြုံးရွှင်နေသော မိန်းမလှလေး၏ပုံရိပ်များက သတင်းမျက်နှာစာမှာဝေဝေဆာဆာပင်....ထိုပုံရိပ်များကိုကြည့်ရင်း သူကိုယ်တိုင်မသိလိုက်ပါပဲနဲ့ မျက်ရည်တို့က မဖိတ်ခေါ်ပဲ ကျွန်တော့်ပါးပြင်ပေါ်သို့ဖြတ်သန်းစီးဆင်းလာကြသည်...
စေ့စပ်မင်္ဂလာ...အဲ့ဒါကြောင့် ခင်ဗျားပြန်မလာတာကိုး...တနေ့ဒီလိုဖြစ်လာမယ်ဆိုတာကြိုသိပေမယ့် တကယ်တမ်းဖြစ်လာတဲ့အခါကျတော့လည်း ကျွန်တော့်ရင်ထဲက တဆစ်ဆစ်နဲ့ နာလိုက်တာဗျာ...ဒါနဲ့များ Wu Yifanရယ်..ခင်ဗျားကျွန်တော့်ကိုဘာလို့လက်ထပ်ခဲ့သေးလဲ...အခုတော့ ကျွန်တော်ခံစားရတာပဲ အဖတ်တင်သွားတယ်...ခင်ဗျားကြောင့် ကျွန်တော် ငိုတတ်လာပီ Wu Yifan..
"ကလင်...ကလင်..."
ဧည့်ခန်းထဲကတယ်လီဖုန်းမြည်သံကြောင့် Chanyeolဖတ်လက်စသတင်းစာကို အသာချရင်း ဖုန်းသွားကိုင်လိုက်သည်...
"Chanyeol.."
သူပဲ...Wu Yifan...ခင်ဗျားဖုန်းတော့ဆက်သေးတယ်နော်...
စိတ်ထဲမှာသူ့ကိုသိပ်မကျေနပ်ပေမယ့် သူ့အသံကြားလိုက်တော့လည်း ကျွန်တော်ပျော်မိပါသည်....သူနဲ့စကားမပြောရတာ တပတ်တောင်ရှိပီလေ....ကျွန်တော်ခင်ဗျားကိုအရမ်းလွမ်းနေတာ ...ခင်ဗျားသိရဲ့လား....ခင်ဗျား ကျွန်တော့်ကိုလွှမ်းမိုးနိုင်လွန်းတယ် Wu Yifanရယ်..