(Unicode)
"အားးး!!!!!!!"
မိန်းကလေးတစ်ယောက်၏သွေးပျက်စဖွယ်
အော်သံက ညမှောင်မှောင်ထဲ အလန့်တကြား
ထွက်ပေါ်လာခဲ့သည်။စီးကရက်တစ်လိပ်ကို ခဲရင်းဖြင့်ဟက်ခနဲတစ်ချက်ရီလိုက်သည်။
" သိပ်မနာပါဘူးကွာ အဖြစ်သည်းပြမနေနဲ့ "
ထိုကောင်မလေး၏မေးရိုးကို ကြမ်းတမ်းစွာ
ကိုင်ပြီးသူ့ကိုမော့ကြည့်စေလိုက်သည်။" ငါ ငါတောင်းပန်ပါတယ်ငါမှားသွားပါတယ်နော်ခွင့်လွှတ်ပါတောင်းပန်ပါတယ်"
သေမှာစိုး၍ အသနားခံနေသော စိတ်ပျက်စရာ
ထိုအသွင်သဏ္ဍာန်က ကျွန်တော့်
မျက်စိထဲ ကန့်လန့်ဝင်လာတယ်။
ကိုရိုးကားယားပုံစံနဲ့ လုပ်နေပုံက သနား
တော့ သနားစရာလေး။ ဒါပေမဲ့ ဘယ်လိုလုပ်မလဲ ။ မင်းရှေ့မှာ ရှိနေတာက ငါဆိုတဲ့
မျက်ရည်တွေ၊ နှလုံးသားတွေ၊ အကြင်နာတရားတွေကင်းမဲ့နေတဲ့Jeon Jung Kookလေhkhk။" ဝမ်းနည်းပါတယ်"
သူ့ခြေထောက်ကို ဖက်ပြီး ငိုယိုတောင်းပန်နေသော သူမ၏ ဆံပင်တို့ကို ပြင်းထန်စွာ
လှန်ပြီးဆောင့်ဆွဲလိုက်သည်။" အ အီးဟီး ငါတောင်းပန်ပါတယ်
နောက်ထပ်နင်ရှေ့မှာပေါ်မလာစေရပါဘူး
အီး ဟီး လွှတ်ပေးပါ "တစ်မျက်နှာလုံး မျက်ရည်တွေ အပြည်၊့
ရိုက်နှက်ထားသောကြောင့်စုတ်ပြတ်သတ်နေသော ထိုကောင်မလေးက လူရုပ်ပင်
မပေါက်တော့ပေ။" Oh bae သိပ်သေချာတာပေါ့
မင်းနောက်တစ်ခါ ငါ့ရှေ့မှာပေါ်မလာတော့
ပါဘူး ...တစ်သက်လုံးလေ...."ရှည်လွန်းတဲ့ အရပ်ကို အနည်းငယ်ကိုင်းလိုက်ပြီး ထိုကောင်မလေး ဆံပင်တို့ကို ပိုမိုဆောင့့်ဆွဲကာ အနားသို့ တိုးကပ်၍ ခပ်လှောင်လှောင်ပြောလိုက်သည်။
သေမိန့်ရပြီးသား လူတစ်ယောက်လိုပျော့ခွေ
ကျသွားသောသူမကို လွှတ်ချလိုက်ပြီး
ခုံပေါ်တွင်တင်ထားသော စီးကရက်ကို
ပြန်ခဲလိုက်သည်။