(Unicode)
သူအခုထိ မနိုးသေးဘူး။ ကျနော်လည်း
မထချင်သေးဘူး။ ကျနော်နိုးနေပြီဆိုပေမဲ့ သူနဲ့ဒီ
အတိုင်း ဖက်လျက်လေးနေချင်တုန်းပဲ။ဘာမက်မောမှု့မှ မပါတဲ့..... ဒီအချိန်လေးတွေမှာ
ကာလယန္တရားဆိုတာကြီးကို ရပ်ထားချင်လိုက်တာ။ကျနော်မချမ်းပေမဲ့ ပူနွေးစွာ ဝင်လိုက်ထွက်လိုက်ဖြစ်နေတဲ့ သူ့နှာသီးဖျားဝနားကို....... မသိမသာတိုးရင်းပါးမော့ထားမိတယ်။
အား....အသဲတွေယားလို့သေမှာပဲ။
တစ်မျှင်ချင်းစီတောင်မြင်နေရတဲ့ သူ့မျက်
တောင်နုနုတွေက နက်မှောင်ပြီး လှလွန်းတယ်။
ပိပိရိရိအနားသတ်လိုင်းတွေကောက်ကြောင်း
ညီညီဆွဲထားတဲ့ နှုတ်ခမ်းလေးက အပေါ်ကို
ရေးရေးလေး လန်လို့ ။ နှာခေါင်းချွန်ချွန်မှ
စ၍ ဟိုးအပေါ်ဆုံး နဖူးပြေပြေနားအထိ တတိတိဝဲကျနေတဲ့ သူ့မွှေးညှင်းနုနုတွေ.......ဒီလောက်ချောတဲ့သူ ....မဟုတ်သေးဘူး။
ကျနော်က ချစ်လို့ချောတယ်မြင်မိတာ
ဖြစ်မယ်။ မဟုတ်သေးဘူး...မချစ်ခင်ကတည်းက
ချောတယ်လို့တွေးခဲ့ဖူးတာကို......ဒါလည်း မဟုတ်သေးဘူး။ မုန်းတယ်ဆိုပြီး
အရူးချီးပန်းလျှောက်ပြောကတည်းကသူ
ချောတာကို အသိအမှတ်ပြုခဲ့မိတာ။အွန်...ဒါကမှ ပိုမဟုတ်တာ။ သူချောတာကြီးကို
စိတ်ပေါင်းစုံလွန်ဆွဲပြီး အငြင်းအခုံလုပ်နေ
ကတည်းက ကျနော်မဟုတ်တော့တာ။
ရှုပ်နေတာပဲ....တကယ်ကိုယ့်ကိုကိုယ်တောင်
အမြင်ကတ်လာတယ်။အဲ့တာအသာထား ...ဒီအတိုင်းကြီးနေလို့
မဖြစ်သေးဘူး။ သူနိုးလာရင်ယုန်ထင်ကြောင်ထင်ဖြစ်ပြီး အရှက်ကွဲနေမှ ကိုယ်ကျိုးနည်းမှာ။အသက်နည်းနည်းအောင့်ကာ ကျနော့်အပေါ်
ခွထားသော သူ့ခြေတံရှည်ရှည်ကို ဖြည်းဖြည်း
ချင်းဆွဲဖယ်လိုက်တယ်။