(Unicode)
အရင်ကကြောက်ခဲ့ရတဲ့ မိုးသံတွေက
နှိုးတစ်ဝက်ပျော်တစ်ဝက်ဖြစ်နေတဲ့
ကျနော့်နားထဲ စီးချက်ကျစွာ နားထောင်ကောင်းလွန်းနေတယ်။
မြေနံတသင်းသင်းကလည်း နှာသီးဖျားဝမှာ
အလုအယှက်တိုးဝှေ့နေကြသည်မှာ
အေးစိမ့်စိမ့်လေးနဲ့ နှစ်သက်စရာ ။
သိတစ်ဝက်မသိတစ်ချက်နဲ့အတူ
ကျနော့်ပေါ်တွင်လွှမ်းခြုံနေတဲ့စောင်ကို
မျက်နှာအုပ်လုနီးနီး ဆွဲယူကာကွေးလိုက်မိတယ်။အိပ်လို့ကောင်းလိုက်တာ။
ထိုစဉ်...... မသိစိတ်မှ အလန့်တကြားနှိုး
လိုက်၍ အလိုလိုထထိုင်မိလျက်သား။
မျက်လုံးတို့ကို အသားကုန်ပြူးပြဲကာ စူး
စမ်းမိတော့ ညက ကျနော်အိပ်ခဲ့တဲ့ sofa
မဟုတ်ဘဲ အခန်းတစ်ခုရှိ အိစက်စက်မွေ့ရာ
ပေါ်တွင်ရောက်ေနမှန်း အံသြစွာ သိလိုက်ရသည်။ဘုရားရေ၊ ဘယ်သူငါ့ကို ဒီရွေ့လာတာလဲ ။
ငါပဲ အိပ်ချင်မူးတူးနဲ့ လမ်းထလျှောက်လာတာလား?အတွေးပေါင်းများစွာနဲ့ ကျနော်အဖြေကျပ်နေတုန်း အခန်းတံခါးဝရှိ နီစပ်စပ်ခြေဖမိုးတစ်ခုကရေစက်လက်နဲ့ ။
ကိုယ့်ဘာသာကိုယ်ဘာဖြစ်ခဲ့လဲစဉ်းစားနေစဉ်
ထိုရဲတွတ်တွတ်ခြေတစ်စုံကြောင့်
ပိုက်ထားသောခေါင်းအုံးကို ပါးစပ်နဲ့
ယောင်ယမ်းကာ ကိုက်လိုက်မိတယ်။ရေချိုးပြီးစ ရှန်ပူနံ့မွှေးမွှေးက အပေါ်ပိုင်း
ဗလာဖြစ်နေတဲ့ သူ့ကို မြင်နေရ၍ပဲလားမသိ
အတော့်ကို မွှန်နေလျက်ရှိသည်။
ရှိသမျှလေဝင်ပေါက်တွေ ပိတ်ဆို့ကုန်ပြီး
ကျနော့်ခေါင်းထဲ ကျပ်ခဲခဲကြီးပင်ဖြစ်ကာ
အဖျားထပ်ဝင်လာသမျိုး။
အ.. ဆိုးဝါးလိုက်တာ။သူက ဘာမှမဖြစ်ဟန်ဖြင့်ခေါင်းသုတ်ရင်း ကျနော်ရှိရာကို တိုးလာလေလေ ကျပ်ခဲနေတဲ့
ဦးနှောက်တွေမှ ထပဲပြေးရမလို ၊ ဘာမှ မဖြစ်
သလိုပဲထိုင်နေရမလို။ ဘာကို ဘယ်လိုစလုပ်ရ
မလဲ ချက်ချင်းအဖြေ မပေါ်။
အတွေးတွေကသာ ဗလောင်ဆူနေပေမဲ့၊
ကျနော့်မျက်လုံးအစုံက သူ့မျက်နှာကို
ေကြာင်တောင်တောင်ကြီး စိုက်ကြည့်ကာ
ကျောက်ရုပ်ဖြစ်နေခဲ့သလားတောင်မသိ။
