SATAN-F

17.5K 1.6K 36
                                    

(Unicode)

#ဘုန်း

အားးး နာလိုက်​တာ။ ပါးစပ်​က သိပ်​တောင်​
မညီးညူနိုင်​ဘဲ ချက်​ချင်းလူးလဲကာ 
​အမြန် ထလိုက်​တယ်​။ သူ​ခေါ်ထားတဲ့အချိန်​က
မနက်​9နာရီ ၊ အခု 10နာရီပင်​ကျော်​နေပြီ။
အရမ်းကို​နောက်​ကျ​နေပြီမို့လား။
မြန်​မြန်​သွားရမယ်​၊ ဟင့်​အင်း၊မြန်​မြန်​ပြေးရမယ်​။

.........................

ဓာတ်​လှေကား ခလုတ်​ကို နှိပ်​နေတဲ့ကျ​နော့်​
လက်​တွေ တုန်​ရင်​နေတယ်​။ တစ်​ခါတစ်​ခါ
ဝါးလာတဲ့ အမြင်​တွေ​ကြောင့်​လည်း ခဏခဏ
​ချော်​လဲ​နေတယ်​။​မိုက်​ခနဲဖြစ်​သွားတဲ့​ခေါင်းကို
တစ်​ချက်​ခါပစ်​လိုက်​ပြီး ဓာတ်​လှေကားကို
ဖွင့်​တော့မရ။ ဟိုဘက်​ရော အားလားမသိ။
အမြန်​ပြေးနှိပ်​လိုက်​သော်​လည်း မပွင့်​။
​သေချင်​တာပါပဲ။ ရိုးရိုး​လှေကားက တက်​ရ​တော့မည်​ဟု​တွေးလိုက်​ရ၍ငိုချင်​စိတ်​ပင်​
​ပေါက်​လာရသည်​။ ဘယ်​လိုဖြစ်​နေမှန်းကို
မသိ။ အကုန်​တလွဲချည်းပဲ။ အခုမှ လွဲခဲ့တာ​တော့မဟုတ်​။ ငယ်​ငယ်​တည်းက ဘယ်​အရာ
ကိုမှ အစီအစဉ်​တကျမလုပ်​တတ်​ခဲ့တာ။
​ဟောင်​ကောင်​မှာ​ကျောင်းတက်​တုန်းကလည်း
ခဏခဏအမှား​တွေ့လွန်းလို့ အရမ်းပင်​ပန်းခဲ့
ရတယ်​။ လုပ်​တတ်​လွန်းတဲ့ တလွဲ​တွေ​ကြောင့်​ပဲ
ကျ​နော်​ကျောင်းနားခဲ့ရတာ။ နဂိုတည်းက
စာကို စိတ်​မဝင်​စားသူမို့ အရမ်း​တော့
​နောင်​တမရ။ Hyung ကလည်း အဆင်​ပြေတယ်​တဲ့​လေ။ ပြီး​တော့လည်း​မွေးရပ်​မြေ
ကို ပြန်​ရောက်​လာတဲ့ ကျ​နော်​တလွဲ​တွေ
လုပ်​တာ မရပ်​ခဲ့။

လက်​ရန်းကို ဆွဲကိုင်​ရင်း ၊ တထစ်​ချင်း အားယူကာ တက်​လာလိုက်​တော့​ရောက်​ပြီဆို
တဲ့အသိနဲ့ ကျ​နော်​ခပ်​မော​မောသက်​ပြင်းချကာ
ပြုံးမိလိုက်​တယ်​။
ဒါမျိုးလည်း​မော​မောပန်းပန်း တစ်​ခါဆို
တစ်​ခါမှ မလုပ်​ဖူးဘူး​လေ။
​ယောကျာ်းမဆန်​ဘူး​ဆိုလည်း ခံရမှာပဲ။

KimTaehyungဆိုတဲ့ကျ​နော်​က​မွေးကတည်း
က​ပျော့ညံ့ညံရယ်​ပါ။

...........................

သူ့ရုံးခန်း​ရှေ့တွင်​အ​စောင့်​လည်း မထား။
တစ်​ဆင့်​ခေါ်​နေရာထားလား ဆို​တော့လည်း
မဟုတ်​။​ထို့​ကြောင့်​ကျ​နော်​မဝင်​နိုင်​သေးဘဲ
အ​ပေါက်​ဝမှာပဲ ရပ်​ပြီး ဝင်​ရ​ကောင်းမလား၊
မဝင်​ရ​ကောင်းမလား စဉ်းစား​ရပြီ​။
အရင်​ကလို ကပိုကရိုပုံစံမျိုးနဲ့ သူ့ကို
မ​တွေ့ ချင်​ပါ။ အဲ့ထက်​ဆိုးတဲ့ ပုံစံမျိုး​တွေ
​တွေ့ ရမှာ ကျ​နော်​မလိုလားဘူးဟု
ဆိုလျှင်​သေချာပါသည်​၊ အဲ့တာ ရှက်​လို့
ဆိုတဲ့ အ​ကြောင်းပြချက်​တစ်​ခုတည်း​ကြောင့်​တော့မဟုတ်​။ ပိုလျှံ​နေတဲ့ အ​တွေး​တွေက
​တောင်​ရောက်​မြောက်​ရောက်​ဖြစ်​လွန်းသည်​မို့လား။
•••••••••••

SATAN [Completed]Onde histórias criam vida. Descubra agora