SATAN-N

14.2K 1.2K 55
                                    

(Unicode)

ထပ်ကာ ထပ်ကာ နှိပ်မိနေတဲ့ contactတစ်ခုကို ဖုန်းခေါ်ဆိုနေတာကျနော့်လက်ထိပ်တွေတောင် ကျင်တင်တင်။
မနေ့က ပွဲပြီးသွားကတည်းက သူ့ကိုမတွေ့မိပေမဲ့
ဒီမနက်မှ ဖုန်းခေါ်ဆိုမိခြင်းက မဖြစ်စလောက်မာနတရားများကြောင့်သာ။
သူဘာလို့ ဖုန်းမကိုင်သလဲ?
ကျနော့်စကားကြောင့် စိတ်ပျက်သွားတာလား?

ဖုန်းမကိုင်၍သူ့အခန်းနံပါတ်ကိုဧည့်ကြိုကောင်
တာမှာသွားမေးတော့ မနေ့ညကပဲ
အခန်းပြန်အပ်သွားပြီတဲ့။

Jung Kook , သူဘယ်လိုဖြစ်နေတာလဲ?
တစ်ချက်လေးတောင် အဆက်အသွယ်မရ။
မနက်ကတည်းက သူ့စိတ်ကြောင့် အမှားတွေ
တစ်ခုပြီးတစ်ခုဆက်တိုက်လုပ်မိနေတာ....
ကျနော်တောင်းပန်ပါ့မယ်။ အဲ့လိုကြီးတော့
ပစ်မထားနဲ့လေနော်။

ကျစ်...အရေးထဲ ကားသော့ကဘယ်နားထားမိမှန်းမသိ။

ဝန်ထမ်းအကြိုအပို့ကားနဲ့ ရောပြီးပြန်ရမှာပဲ။ ခင်ဗျား , နေရာတကာ သိပ်ဒုက္ခပေးလွန်းတယ်။အရင်စချော့တော့ ဘာဖြစ်မှာမို့လို့လဲ?
ဘက်ညီသောချစ်ခြင်းမဟုတ်ပြန်တဲ့ ကျနော်တို့အကြား သူ့ဘက်မှအလေးမသာ
သောချစ်ခြင်းဆိုလည်း ထိုကွက်လပ်ကို
ထပ်မံဖြည့်စည်းပေးချင်သူက ဝမ်းနည်းစွာပင်
ကျနော်သာဖြစ်သင့်သည်ဟုခံယူထားတယ်။

ဝေးရင် ဘယ်လိုများနေမလဲ?
တစ်ရက်လေးမတွေ့ရတာတောင် ရေငတ်
နေတဲ့သူလို အာခေါင်တွေ ခြောက်ကာ
ကျနော့်စိတ်တွေ ပုံမှန်မဟုတ်။

ဝန်ထမ်းများနှင့်ရောပြန်ရန် ကားပေါ်သို့ ခြေချ
လိုက်စဉ် အားလုံး၏ အမေးအကြည့်တွေကို
ကျနော်ဖြေရှင်းမိတယ်။

" ကားသော့ပျောက်သွားလို့ ....
ဒီနေ့ အတူတူစီးပါရစေ "

ကြောင်တောင်တောင်မျက်နှာပေးတွေနဲ့
" အာ" ဟု ပြိုင်တူထွက်လာကြပြီး ခေါင်းတညိမ့်
ညိမ့်နဲ့ ပြုံးစိစိဖြစ်နေကြပြန်တယ်။

ခုံလွတ်တစ်နေရာပေါ်မှာ ဟိုကြည့်ဒီကြည့်ဝင်
ထိုင်ရင်း နောက်ပါးမှ စကားကြောင့် အလိုလို
နားစွင့်မိလျက်သား။

" Seoul ကိုလား?"
နင့်အဖေထောင်ထဲရောက်နေတာ ၊ဘုရားရေ...
ပိုက်ဆံလည်းလျော်ရဦးမှာဆိုတော့ ကိုယ်
တိုင်သွားရမှာပေါ့"

SATAN [Completed]Hikayelerin yaşadığı yer. Şimdi keşfedin