(Unicode)
ခြေထောက်မကောင်းသေးသဖြင့်အလုပ်ကို
ခွင့်ယူကာ အိမ်မှာပဲ ကျွန်တော်ဇိမ်နဲ့နှပ်နေရသည်ဆိုလျှင်တက်တက်စင်အောင်
လွဲပေလိမ့်မည်။
လူကအငြိမ်နေရသော်လည်းအူကြောင်ကြား
စိုးရိမ်မိတဲ့စိတ်တွေနဲ့ အခုရက်ပိုင်းတော်တော်ကို အဆင်မပြေ။
ဒီကြားထဲ အိမ်ခန်းခဏငှါးပေးထားသော
ဟိုအမျိုးသမီးကလည်းရောင့်တက်ကာ
ပိုက်ဆံတောင်းနေသေးသည်။ကယ်တင်ရှင်ကြီးပဲ ၊တောင်းတော့လည်း
ထုတ်ပေးလိုက်ရတာပေါ့ ။ကျွန်တော်ဘာပြောနိုင်မှာလဲ ၊
လျှာရှည်မိတာ ခံလေ။လူက နည်းနည်းသက်သာမယ်မကြံသေး။
လေးလုံးက စိုးရိမ်လို့ဟုဆိုကာ အိမ်ကို
လူနာသတင်းလာမေးမယ်လုပ်၍
မလာပါနဲ့ ဟုတားသော်လည်း လက်မခံ။
ထို့ကြောင့်ဟိုအမျိုးသမီးကို ကျွန်တော့်
တိုက်ခန်းကို ပို့ ၊ ကျွန်တော်က ဟို ဆင်းရဲသား
ရပ်ကွက်ဆိုလား ဘာလား နာမည်မသိတဲ့
ရပ်ကွက်ကအိမ်ကိုပြေးရနဲ့ ၊ လူက အသက်ပါထွက်ချင်ချင်။လေးလုံးက အပန်းဖြေခရီးထွက်ရာ တဝိုက်မှာ
သူ့အဘွားနေခဲ့ဖူးသောကြောင့်သွားကြည့်ရင်း၊
ငယ်ငယ်က သူငယ်ချင်းနဲ့တွေ့၍ သူ့အိမ်သို့လိုက်သွားကြောင်း၊ ထို့ကြောင့်ရောက်တုန်းရောက်ခိုက်ထိုအိမ်တွင်တည်းရာမှ ပြန်မလာကြောင်း၊
ကျွန်တော့်ဖုန်းကိုပါ မှားယူမိသွား၍
အဆက်အသွယ်မလုပ်မိတာတောင်းပန်ကြောင်းရေပက်မဝင်အောင်ပြောနေတော့
သည်။သာမန်ဆိုရင်စကားနည်းသောလေးလုံး
အူမြူးနေလျက်ရှိသောကြောင့်......" ငါ့ကောင်ကြီး တစ်ခုခုပဲ " ဟု
စကားလမ်းကြောင်းပေးလိုက်တာ၊နှစ်ခါမမေးရ ။
သူရည်စားရသွားပြီဆိုသောစကားကြောင့်
အလန့်တကြား ဖြစ်ရသေးသည်။
သူ့ကြိုက်တဲ့သူက ရှိသေး :D အံပါ့။