(Unicode )
ညို့မှိုင်းမှိုင်းကောင်းကင်က မိုးရွာမည်ဆိုလျှင်
အချိန်နှင့်တစ်ပြေးညီ အချက်ပေးတတ်သည်။
ဘယ်ဆီခရီးပေါက်ပေါက်ညနေစောင်းပြီ
ဆိုရင်ငှက်ကလေးတွေလည်း သူတို့အိမ်သို့
တောင်ပျံဖြန့်ပြီး ပြန်ကြသည်။ထို့အတူပင်ဘယ်လောက်ဝီရိယထားကာ
စောစောထထ ကျွန်တော် ဆိုသော Kim
Taehyungသည်အလုပ်ကိုနောက်ကျပြီးမှရောက်တတ်သည်သာ။ ထို့ကြောင့်လည်း
ကျနော်နှင့်အလုပ်အတူတူလုပ်သော ၊
seniorများဆီမှသော်လည်းကောင်း၊
juniorများဆီမှသော်လည်း တိုးတိုးတစ်မျိုး၊
ကျယ်ကျယ်တစ်ဖုံဖြင့်မရိုးနိုင်အောင်ပင်
စောင်းမြောင်းအဆူခံနေရသေးသည်။
မခံချင်စိတ်ဖြစ်မိသော်လည်း ဘယ်တော့မှ
စောမရောက်တော့မယ်အတူတူ အဆူခံရတိုင်း
ရှိသမျှသွားအကုန်စိကာ ပြန်ပြန်ပြုံးပြရသည်ကအမော။ဟန်ဆောင်အပြုံးတွေနဲ့ ကျွန်တော်
နေသားကျနေပြီ ထင်ပါရဲ့ ။•••••••••••••••••••
အခန်းတံခါးရှေ့တွင်အရံသင့်ချိတ်ထားသော
ထီးကို ခပ်မြန်မြန်ယူပြီး အလုပ်သို့ အလျင်စလို
ထွက်လာနေစဉ်ကျွန်တော့် အနောက်ဘက်အခန်း တစ်ခုစီမှ ငိုယိုအော်ဟစ်တောင်းပန်သံများကြောင့်အသာငဲ့ကာ
ကြည့်လိုက်မိသည်။အခန်းတံခါးကတော့်တော့်ကို ဟနေပြီး အထဲရှိ ရုန်းရင်းဆန်ခတ်အခြေအနေများကို ကျွန်တော်
မြင်နေရသဖြင့်ခဏရပ်ကာကြည့်နေမိသည်။
အခုချိန်အလုပ်နောက်ကျတာတွေ၊ အဆူခံ
ရမှာတွေ ကျွန်တော်မစဉ်းစားမိ။ တစ်ခုခုဆိုလျှင်
စိတ်ဝင်စားပြီး ဒုက္ခရောက်နေလျှင်ကူညီရန်ကိုသာ အတွေးများနေခဲ့သည်လေ။"မောင်လေးရဲ့ အမယ်လေး !!!"
တစ်ကိုယ်လုံးပစ်ဝင်မတတ်ခါးကို အသေပြေးဖက်လာသောဘေးအိမ်ခန်းရှိမမကြောင့်
ကျနော်မနေတတ်မထိုင်တတ်ဖြစ်ရသည်။
ထိုမမသည်သူဌေးတစ်ဦး၏ အငယ်အနှောင်း
ဖြစ်ပြီး အသုံးအဖြုန်းကြီးသောကြောင့်
ထိုသူဌေးက တိုက်ခန်းတစ်ခန်းဝယ်ပေးကာ
ကန်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း စပ်စပ်စုစုနိုင်
လှသော အမျိုးသမီးတစ်စုကြောင့်
လမ်းသွားလမ်းလာရင်းဖြင့်ပင်သူမအကြောင်းကို တစ်လောကမှ သိခဲ့ရသည်လေ။ ထို့အပြင်
အိမ်နီးနားချင်းမို့မေးထူးခေါ်ပြောလောက်တော့ ရင်းနှီးနေခဲ့သည်။