SATAN-C

21.8K 1.9K 25
                                    

(Unicode)

ဒီ​နေ့ သူ့ကို ကျွန်​တော်​ကတိ​ပေးထားတာ တစ်​ပတ်​ပြည့်​တဲ့​နေ့ ။ သူ့ဘဝကို တဖြည်းဖြည်းဖြင့်​
တိုက်​စားပစ်​မဲ့​ရည်​ရွယ်​ချက်​တို့အစပြုရာ​နေ့။
ခင်​ဗျား​စောင့်​ကြည့်​နေပါ Jeon Jung Kook။
ကျွန်​တော့်​အ​ဖေရဲ့ companyကိုလုယူပြီး
ကျွန်​တော်​တို့ရဲ့ ဘဝကို စုတ်​ပြတ်​သတ်​အောင်​
လုပ်​သွားတဲ့အတွက်​နောင်​တ အကြီးအကျယ်​ရ​စေရမယ်​။ လုံးဝခွင့်​မလွှတ်​ဘူး။
ခင်​ဗျား​သေချာ​ပေါက်​နာကျင်​စေရမယ်​။
အရှက်​တရား​တွေနဲ့ တစ်​သက်​လုံးမျက်​နှာ
မ​ဖော်​ရဲ​အောင်​ဖြစ်​စေရမယ်​။
အဲ့တာ ကျွန်​တော့်​သစ္စာ။ ခင်​ဗျားရင်​မှာ
နက်​ရှိုင်းစွာ စူးနင့်​ပါ​စေသား။

~~~~~~~~~~~~~~~~~~~~~~

မုန်းတီးစိတ်​တို့နှင့်​အတူ လက်​သီးကို ကျစ်​ကျစ်​ပါ​အောင်​ဆုပ်​လိုက်​ရင်း Jung Kook ၏
ရုံးခန်း​ရှေ့တွင်​Taehyung ရပ်​စောင့်​နေသည်​။

အထဲမှ အသံများကို​တော့ စိုးစဉ်းမျှမကြားမိ။
အသံလုံအခန်းဖြစ်​သည်​ထင်​ပါရဲ့။ သူတစ်​ပါး
၏ မျက်​ရည်​တွေကို​ရေအဖြစ်​လှော်​ခတ်​ပြီး
ခင်​ဗျားတစ်​ယောက်​တည်း​ကောင်းစား​နေတာကို ကြည့်​ရတာ မရှု့စိမ့်​လိုက်​တာ။
တစ်​ပါးသူကို မထီမဲ့မြင်​ကြည့်​တတ်​တဲ့
ခပ်​စူးစူး မျက်​လုံး​တွေကို မုန်းလိုက်​တာ။
​လေသံထွက်​ရုံ​လေး ဆိုတတ်​တဲ့ ပါးလှပ်​လှပ်​
နှုတ်​ခမ်း​တွေကိုလည်း မုန်းလိုက်​တာ။
​လေတိုက်​ရင်​တလွင့်​လွင့်​ဖြစ်​နေပြီး
လငွေိမျတဲ့အခါ မကျြလုံးတစျဝိုကျ
ဝဲကျ​နေတဲ့ နက်​မှောင်​မှောင်​ဆံပင်​တွေကိုလည်းမုန်းတယ်​။

မုန်းတယ်​။ ခင်​ဗျားနဲ့ ပတ်​သတ်​
တဲ့ အရာရာကို​သေ​အောင်​မုန်းတယ်​။
ဒါ​ပေမဲ့ အခု​တော့ ခင်​ဗျားနဲ့ ရင်းနှီးချင်​တယ်​။
မုန်​တိုင်းမတိုက်​ခင်​လေ​ပြေဆိုတာကိုသာ
ခင်​ဗျား သိ​နေခဲ့ရင်​ဘယ်​ဖြစ်​မလဲ။
ကျွန်​တော်​သရုပ်​ဆောင်​ကောင်း​ကောင်းနဲ့
အနိုင်​ပိုင်းပြီး ဒီကြိုးဝိုင်းထဲမှာ အလဲထိုးပြမယ်​။
အရှုံး​တွေကို ကမ်းလင့်​နေပါ Jeon Jung Kook!

SATAN [Completed]Where stories live. Discover now