(Unicode)
ကံကောင်းထောက်မစွာဖြင့်သူ ကျနော့်ကို အချိန်မှီတွေ့၍ ဘာမှမဖြစ်ခဲ့သော်လည်း သူ့အမူအယာတွေကကျေနပ်ပုံမပေါ်။
တမင်သက်သက်ဇာတ်လမ်းဆင်ထားသော
လုပ်ဇာတ်တစ်ခုဖြစ်နိုင်ကြောင်း သူပြောလာတော့ ကျနော်စိတ်ထင့်မိပေမဲ့ အကျယ်အကျယ်
ဖြစ်မှာစိုး၍ ထိုကိစ္စကို ဘယ်သူ့မှ ပြန်မပြောရန်
ကျနော်တားခဲ့သည်။ပြောလည်း သူကလွဲပြီး ဘယ်သူ့မှအဖက်မလုပ်တဲ့ဘဝလေ။တိုက်ဆိုင်မှု့တစ်ခုခုကြောင့်လည်း
မှားနိုင်တယ်မဟုတ်လား။ဧည့်ရိပ်သာတစ်ဆောင်တည်းဖြစ်ပေမဲ့ သူနဲ့
ကျနော့်အခန်းက အတော်အတန်တော့ဝေးသည်။ ဒါပေမဲ့ ကျနော်ရှိရာကို သူမကြာခဏလာပါတယ်။ ကိုယ့်အလုပ်နဲ့ ကိုယ်မို့တွေ့ရုံလောက်သာတွေ့နိုင်ပြီးရွှေ့ပြောင်းကိစ္စတွေနဲ့မို့ အချိန်မရှိသော ကျနော့်ကိုလည်း နားလည်ပေးသေးသည်။သူ.....တော်တော်ကြီးပြောင်းလဲ
လာတယ်ဆိုရမှာပေါ့။စက်ရုံဆီသို့အသွား .....ဧည့်ရိပ်သာရှိ စက်ဘီး
ငှါးရာဌာနတွင်စက်ဘီးငှါးနေတယ်ထင်ရသော
သူ့ကိုတွေ့တော့ အခုထိ ဘယ်နေရာမှ ကျနော်
လိုက်မပို့ရသေးမှန်းသတိရပြီး အားနာလိုက်တာ။တွေ့နေမှတော့ ဒီအတိုင်းထွက်သွားလို့လည်း
မကောင်း......ဟန်ပြလေးပဲဖြစ်ဖြစ်နှုတ်ဆက်မှပေါ့။ သူက ကျနော့်ကြောင့်ဒီမြို့ကိုရောက်လာရတာလေ။
အဲ့နေ့က မနက်ဖြန်မှလာမယ်ဆိုပြီး ကျနော့့်ကိုအံ့သြစေချင်၍ ချက်ချင်းရောက်ချလာသောသူကြောင့်သာ ဧည့်ရိပ်သာတွင်ကျနော်
မရှိကြောင်းသူသိပြီး စက်ရုံသို့လိုက်လာ၍
ကျနော့်ကို ကယ်နိုင်ခြင်းပင်။
မဟုတ်ရင်တကယ်မတွေးရဲစရာ .....တွေးမနေတော့ပါဘူးလေ။ မတော်တဆဆိုတာ ဒီလိုပဲဖြစ်တတ်တဲ့ဟာ.....
သက်ပြင်းငွေ့ငွေ့ချရင်း သူရှိရာသို့ ကျနော်
လျှောက်လာစဉ်တစ်စုံတစ်ယောက်နဲ့
ဖုန်းပြောနေသည်ကို မြင်၍ အရင်မခေါ်သေးဘဲ
သူ့နောက်နားမှာ ရပ်နေလိုက်တယ်။