(Unicode)
နက်စွေးသည့် အခိုးအငွေ့များနဲ့ ဝေဝါးလျက်
ရှိသော လှိုဏ်ဂူငယ်တစ်ခု ။ ကျွန်တော်
လက်သီးတင်းတင်းဆုပ်ကာ ဘေးဘီကို
ငေး၍ ခေါ်သံပေးရင်း ဆက်လျှောက်လာခဲ့တယ်။" Jung Kook .....!!!!! "
" Jung Kook ~~~~~!!! "
ပဲ့တင်ပြန်လာသည့် အသံတို့ကြောင့် ကျွန်တော့်
ဆောက်တည်ရာမရတော့ ။ ဘာလို့သူ့
ပြန်ထူးသံကို အခုထိ မကြားရသေးတာလဲ?
ဘာလို့များ သူ့ကို အခုထိ
မတွေ့ရသေးတာလဲ ?ထိုးကိုက်လာတဲ့ခေါင်းကို လက်နဲ့တင်းနေ
အောင် ဖိစဉ်.....,,,,အမှောင်ထဲတွင် အလင်းတန်းငယ်တစ်ခုက
စူးရှစွာထွက်ပေါ်လာတယ်။ကျွန်တော် မျှော်လင့်ခြင်းသဲ့သဲ့နဲ့ ထိုအလင်း
တန်းလေးရှိရာကို အပြေးတစ်ပိုင်းသွားပေမဲ့မရောက်နိုင်သည့်နှယ်။
အားးးး!!!!!!!!!
ဝမ်းနည်းခံပြင်းလွန်းလို့ ကျွန်တော် မျက်ရည်
လည်ရွှဲကြားမှ အသားကုန်အော်ပစ်တဲ့အခါ ..,,ထိုအလင်းတန်းလေးက တစ်ဆင့်ပြီး
တစ်ဆင့်ရုပ်လုံးပေါ်လာလျက်။ နောက်ဆုံးမှာ
တော့...ကျွန်တော် ရှာနေတဲ့သူ ...." Jung Kook ....ကျွန်တော် ဒီမှာလေ ...."
လက်နှစ်ဖက်လုံးကို ဆန့်တန်းလျက်
ကျွန်တော် အော်ခေါ်ပေမဲ့ မတုန်မလှုပ်ရပ်နေတဲ့
သူဟာ နှုတ်ခမ်းကိုတင်းနေအောင်စေ့ပိတ်ရင်း
အပြုံးတည်တည်ကို မျက်လုံးနဲ့သာ မျှဝေတယ်။
မှိုင်းညို့နေတဲ့ သူ့မျက်ဝန်းမှာ လွမ်းဆွတ်
တမ်းတခြင်းတွေ ကပ်ညိနေသယောင်။ကျွန်တော် မငိုပါရစေနဲ့ ....
ခင်ဗျားဘယ်ကိုသွားဦးမလို့လဲ
JEON JUNG KOOK !!!!!ကျွန်တော် စိတ်ဝိညာဉ်လွင့်ထွက်သွားသလို
မျိုး ပုံခနဲ ပြိုလဲသွားတယ်။အပြုံးဘက်ကို ရောယှက်လာတဲ့ သူ့နှုတ်ခမ်းပါး
တွေ တုန်ရီနေသလို ၊ ဟင့်အင်း ခင်ဗျား
အဲ့လိုကြီးမပြုံးပါနဲ့ ။ နောက်ဆုံးခွဲခွာတဲ့အခါ
အားတင်းတဲ့အပြုံးမျိုးကို ဘယ်သူက
အလိုရှိမှာလဲ? တံလျှပ်တွေ ကျွန်တော့်ကို
ဝါးမြိုနေသည့်နှယ် အပူတပြင်းသောကတွေနဲ့
ကျွန်တော် နှလုံးသားယဲ့ယဲ့ ပြာကျကုန်ပြီ
ထင်ရဲ့။ ဖြတ်ခနဲဆိုသလို အမှောင်အတိကျ
သွားကျတဲ့ လေဟာနယ်မှာ ကျွန်တော့်နဲ့
ဝေးကွာသွားတဲ့ သူ့ကို မသွားဖို့စကားပါး
ခဲ့ပေမဲ့.........,,,,