SATAN-B

32.3K 2.1K 105
                                    

(Unicode)

ဘယ်​မှာလဲ​မေတ္တာတရား​တွေ၊
ဘယ်​မှာလဲ ကြင်​နာမှု့​တွေ၊
ဘယ်​မှာလဲ ကိုယ်​ချင်းစာတရား​တွေ၊
အရာအားလုံးက​ပေးရင်​ပြန်​ရတယ်​ဆို ၊
ဒါဆို ကျွန်​တော်​မ​ပေးခဲ့လို့လား။
​သေချာတာက​တော့ လိုလိုချင်​ချင်​ကို
​ပေးခဲ့ဖူးတယ်​။

ကိုယ့်​ဘေးနားမှာ ရှိတဲ့ မ​တောက်​တ​ခေါက်​
လူတစ်​ယောက်​လောက်​ဘဲ ဖြစ်​ဖြစ်​၊
​အသိဥာဏ်​မရှိတဲ့ အဟိတ်​တိရစ္ဆာန်​တစ်​ကောင်​ပဲဖြစ်​ဖြစ်​ပေါများ​နေ​တဲ့
ကိုယ်​ချင်းစာတရား​တွေ ၊ ကြင်​နာမှု့​တွေ
​ပေးခဲ့ဖူးတာ​ပေါ့။

Hk §ရူးလိုပဲ
​ပေးရင်​ပြန်​ရမယ်​ထင်​ခဲ့ဖူးတာ ။
မမြင်​ရတဲ့ အဲ့အရာ​တွေက အ​ကြွေ​စေ့တစ်​စေ့​လောက်​တောင်​တန်​ဖိုးမရှိဘူးဆိုတာ
တဖြည်းဖြည်းသိလာရတယ်​။

အမှန်​တော့ အ​စောကတည်းက သိခဲ့သင့်​တာ။
ဒါ​ပေမဲ့​နောက်​မကျပါဘူး။ အခု​ငွေဆိုတဲ့ အရာနဲ့ အရာရာကို ကိုင်​ပေါက်​နေ​ရ​လောက်​အောင်​အထိ ပြည့်​စုံ​နေပြီ​လေ။

ကိုယ့်​ဘက်​က ဘယ်​လို​မျိုး​သောအရာကိုမှ
မ​ဝေငှ​တော့ဘူး။
တစ်​ခုခုကို လိုချင်​တဲ့အခါ
တစ်​ခုခုကို ပြန်​ပေးဆပ်​ခိုင်းမယ်​။

မျှတတဲ့ ကစားပွဲ မဟုတ်​ဘူးဆိုရင်​တောင်​
လဲမကျခင်​အချိန်​အထိ ဆက်သွားမှာ။

ဒါက ကိုယ်​တိုင်​ရေးဆွဲထားတဲ့
​ရေပြင်​မညီ မျဉ်းတစ်​ကြောင်း။

---------------------------------

" Jeon ထတော့လေ ခိခိ"

ခပ်​ပေါ​ပေါမိန်းမတစ်​ယောက်​ရဲ့ အီစီကလီ
နှိုးသံ​ကြောင့်​ကျွန်တော့် မနက်​ခင်း​လေး
အကျည်းတန်​စွာ ပျက်​စီးသွားခဲ့ပြီ။

​စောင်​များကို ကပိုကရိုဆွဲကာ အိပ်​ချင်​မူးတူး
ရုပ်​နဲ့ စူပုတ်​နေတဲ့ Jung Kook အနားသို့
ထိုမိန်းမက မ​ပေါ့်တ​ပေါ်ပေါင်​တံများကို
လှစ်​ဟကာ တိုးကပ်​လာ​တော့ .......

" မင်း ပြန်​လို့ရပြီ "

အခန်းဝဆီသို့လက်​ညိုးထိုးကာပင်​
​နူးညံ့မှု့ တို့ အလျဉ်းမရှိ​သော​လေသံ​တွေနဲ့
နှင်​ထုတ်​လိုက်​သော်​လည်း
အရှက်​တရား​တွေ ကုန်​စင်​နေတဲ့ သူမက​တော့..................

SATAN [Completed]Where stories live. Discover now