(Unicode)
တစိမ့်စိမ့်အေးလာတဲ့ .....မိုးပြေးများက
ကျနော့်အခန်းထဲသို့ ဝင်လာသောကြောင့်
ညက ......တံခါးမပိတ်မိဘဲ ငိုရင်း အိပ်ပျော်သွား
တာဖြစ်မှန်း ......သတိရလိုက်တယ်.....ပြတင်းတံခါး ထပိတ်ပြီး ပြန်အိပ်မယ်
လုပ်သော်လည်း မရ ......
ငိုလွန်းလို့ အစ်နေတဲ့ မျက်လုံးတွေက နီရဲ
ဖောင်းမို့ကာ..ခေါင်းတွေလည်း အရမ်း
ကိုက်နေပြီ......ဆက်အိပ်ရန်မကြိုးစားတော့ဘဲ
အိမ်ရှေ့သို့ တံခါးဟကာ .....ချောင်းကြည့်လိုက်တော့ Jung Kook မရှိတော့......
ဟူး...အခုမှပဲ .... ရင်အေးရတော့တယ်....
နို့မို့ဆို ဒီမျက်နှာကြီးနဲ့ ....သူ့ကို
ဘယ်လိုမှ ရင်ဆိုင်ရဲမှာ မဟုတ်.......အလိုက်တသိပြန်ပေးတာပဲ ....
ကျေးဇူးတင်လှပြီHoodie ပွပွကို ဝတ်ထားသောကျနော်.......
....ခေါင်းစွပ်က မျက်စိပင်ဖုံးတော့မည်မို့ အရှေ့သို့ ......ငိုက်စိုက်ငိုက်စိုက်လျှောက်ရင်း ....စားပွဲဘေးတွင်မိန့်မိန့်ကြီးထိုင်ကာ
ကျနော့်ကို.... ကြည့်နေသောသူ့ကြောင့်
သရဲတွေ့သလို လန့်ဖြတ်ကာ ......" အမယ်လေး....ဘာကြီးတုန်း!!!!"
နောက်ကို ဆတ်ခနဲအလန့်တကြား
ဆုတ်ရင်းပင်....မျက်နှာကိုလက်နဲ့ကွယ်ပြီး ....
တော်တော်ကျယ်ကျယ်အော်မိလိုက်တာ...." Tskk ...ပုံစံကိုကခွေးစုတ်ဖွား ....
ကျနေတာပဲ .......
အဲ့လောက်လန့်မနေနဲ့ ငါမသေသေဘူး"" ပြန်သွားတာ မဟုတ်ဘူးလား "
လက်သည်းများဖုံးလုလုအုပ်နေတဲ့
အင်္ကျီလက်ကို... ပိုရှည်အောင်ဆွဲချလိုက်ပြီး....
တစ်ကိုယ်လုံးလုံနေအောင်ဟိုဆွဲချ ဒီဆွဲချနဲ့ ...
ကြာရင်.....လူက ဂုန်နီအိတ်နဲ့ ...
အမျိုးတော်တော့မယ်..." မင်းအတွက်ခေါက်ဆွဲပြုတ်ထားတယ်
....စားတာ ကြည့်ပြီးတာနဲ့ ပြန်မှာ ....."ဒီလိုကျတော့လည်း ကြိတ်ပြီး
ကျေနပ်မိသား....
တစ်ယောက်ယောက်ရဲ့ ဘာမဟုတ်တဲ့ ...
ဂရုစိုက်မှု့တွေ....အရေးပေးမှု့တွေက...
ကျနော်....မျှော်လင့်နေတဲ့နေရောင်ခြည်
လိုနွေးထွေးစွာ .... ဖြန့်ကျက်လို့။