SATAN-D

20.1K 1.9K 29
                                    

(Unicode)

ထစ်​ချုန်းမိုးတို့​ကြောင့်​တစ်​ဖက်​မှ အသံက
​ဝေဝါးဝါး မပီမသဖြစ်​နေသည်​။ ထို့​ကြောင့့်​နားစိုက်​ထောင်​နေရ​သော်​လည်း အသိဥာဏ်​ထဲ အမြဲလိုပင်​စွဲထင်​စေသည့်​ထိုအ​ကြောင်း
များသာ ဖြစ်​ခဲ့၍ စကားအသွားအလာ​တွေကို
သူဖတ်​မိသ​လောက်​ရှိသည်​။

"hyung "

" Imm ..."

ကျွန်​တော့်​ဘက်​မှ​နွေး​ထွေးစွာဖြင့်​ခေါ်လိုက်​သော်​လည်း အမြဲပြန်​ရ​နေကျ စကားများသည်​
​အေးစက်​စက်​လေသံမှ အဆင့်​မတက်​ခဲ့​ပေ။
သူက ကျွန်​တော့်​အကို Kim Jin ပင်။
​သွေးသားဟူ၍​ပြေးကြည့်​မှ သူတစ်​ယောက်​တည်းရယ်​ပါ။ ညီအစ်​ကိုချင်း​မေတ္တာတရားနဲ့
ချစ်​ခင်​မှု့​တွေထက်​သူအမြဲ​ပြော​နေကျ စကားများသည်​Jeon Jung Kookဆို​သော
လူတစ်​ယောက်​၏ ဆိုးရွားပုံများသာ
ပိုများခဲ့သည်​။ မဟုတ်​ဘူး၊ သူ့မ​ကောင်း​ကြောင်း​တွေ ချည်းပဲ အမြဲလိုပင်​ကြားခဲ့ရတာ။

...............

Jeon Jung Kook သူက လူယုတ်​မာ၊ အ​ဖေရဲ့
companyကို တစ်​ပတ်​ရိုက်​ပြီး လုယူခဲ့တာ၊
ပြီး​တော့ သူ့​ကြောင့်​ငါတို့အ​ခြေမဲ့ အ​နေမဲ့ဖြစ်​ပြီး
အဲ့စိတ်​နဲ့ ငါတို့အ​မေဆုံးပါးခဲ့တာ။
ကျားကုတ်​ကျားခဲနဲ့ အ​ဖေက အပြင်းအထန်​ကြိုးစားခဲ့လို့ ဒီအ​ခြေအ​နေ​ရောက်​ရ​ပေမဲ့
​နောက်​ဆုံးမှာ​တော့ ငါတို့ညီအကိုနှစ်​ယောက်​ပဲ
​လောကမှာ အထီးကျန်​စွာ ကျန်​ခဲ့ရတာ။
ဒါ ဘယ်​သူ့​ကြောင့်​လဲ ...............

ဟု Hyung​မေးတိုင်း မျက်​ရည်တဝဲဝဲဖြင့်​
Jeon Jung Kookဆို​သော နာမည်​ကို သူနာကျည်းစွာ​ရေရွတ်​ခဲ့ဖူးသည်​။

​ဘာပဲဖြစ်​ဖြစ်​Kim Jin ကို Taehyung က
အကိုတစ်​ယောက်​ဟုသာ သိထား​သော​ကြောင့်​အလွန်​အားကိုးသည်​။
ကိစ္စကြီးငယ်​မ​ရွေးတိုင်​ပင်​တတ်​သော်​လည်း
ပြန်​ရခဲ့သည်​က အဆင်​ပြေသွားမှာပါဟူ​သော
စကား​လောက်​သာ ။
Kim Jin စိတ်​လိုလက်​ရ​ပြောတိုင်း​ပါလာတတ်​တဲ့ Jung Kookကို သူပိုမုန်းလာခဲ့သည်​။
ကိစ္စတစ်​ခုခုကို​ပြောတိုင်း အဆုံးသတ်​က သူ။
အ​ကြောင်းအရာရာ တစ်​ခုခုကို​တိုင်​ပင်​တိုင်း
အဆုံးသတ်​က သူ။ ထို့​ကြောင့်​မမြင်​ရ​သေးခင်​
ကတည်းက မုန်းမိသည်​ဆို လွန်​မယ်​မထင်​ပါ။

SATAN [Completed]Where stories live. Discover now