(Unicode)
ပစ်ထားရက်တယ်။ ဒီနေ့ သူ့မျက်နှာကို
မမြင်ရတာ တစ်ပတ်ပြည့်တော့မယ်။
Companyကိုမေးတော့ ခရီးထွက်သွား
တယ်တဲ့။ ဘယ်ကိုလဲဆိုတော့ မသိဘူးတဲ့။အမြဲဒီလိုဆိုတော့ ကျနော်ဒေါသထွက်
လာပြီ။ ပြီးရင် ဘယ်တော့မှလည်း သူမှား
ကြောင်းတောင်းပန်ပြီး ချော့မဲ့လူမဟုတ်။ဘယ်လောက်ထိ အောက်ကျနောက်ကျ
ချစ်နေရသလဲ။ သူ့တစ်ကိုယ်လုံးကို လှုပ်ခါပြီး
ခင်ဗျားကျနော့်နေရာမှာ တစ်ဆိတ်လောက်
နေကြည့်ပါလားလို့ အော်ဟစ်ပြီး ပြောပစ်
ချင်တယ်။ ဘယ်လောက်ထိစိတ်ပူရလဲ?
ဘယ်လောက်ထိ ဝမ်းနည်းရလဲ?
ပြီးတော့....ဘယ်လောက်ထိ လွမ်းနေရလဲ?မထူးဇာတ်ခင်းကာ အရင်တစ်ခါက သူခေါ်
သွားခဲ့ဖူးတဲ့ Hoseok Arjushiရှိတဲ့ အိမ်မှာများ
ရှိလိုရှိငြားဆိုပြီး လိုက်လာခဲ့တယ်။
သိက္ခာတွေ ၊ မာနတွေ အကုန်စွန့်ပစ်ရင်းလေ။ခြံရှေ့ရောက်တော့ တစ်ဦးတစ်ယောက်တောင်
မတွေ့ရ။ ကြောင်စီစီနဲ့ ဟိုငေးဒီငေးလုပ်ရင်း
လှည့်ပတ်ရှာတော့ အရင်ကထက် ပိုလှလာ
တဲ့ ခြံကြီးက တိတ်ဆိတ်စွာ
လှောင်ရီနေသယောင်။အိမ်ထဲမှ ခေါင်းငိုက်စိုက်ကာ ထွက်လာတဲ့
Arjushiကို တွေ့တော့ အပြေးသွားရင်း....." Arjushi ကျနော့်ကို မှတ်မိလား ?
Jung kook ရှိလားဟင် ။Jung kook
ဒီမှာ ရောက်နေတာလား"Arjushiက ခပ်လေးလေးခေါင်းငြိမ့်ပြတယ်။
အိုးး ဘာလို့ပါလိမ့် ။ ကျနော် ရင်ပူလိုက်တာ။" အထဲမှာ ရှိတယ်။ဒါပေမဲ့ ပြန်လိုက်ပါလား
သူ့ကို အချိန်ပေးလိုက်ပါ "" အထဲမှာ ရှိတယ်လား "
အိမ်ကို လှမ်းကြည့်ကာ လက်ညိုးထိုးရင်း
ပြောပြီးနောက်..............." ကျနော် တောင်းပန်ပါတယ် "
Arjushiကို အရိုအသေပေးကာ အိမ်ထဲ
အမြန်ပြေးဝင်ခဲ့တယ်။မပြန်နိုင်ပါဘူး။ သူဘာဖြစ်နေမှန်းမသိဘဲနဲ့
ကျနော်က စိတ်ချလက်ချပြန်လို့ရပါ့မလား။
ဟန်ဆောင်ပန်ဆောင်တောင် ပြုံးမရတဲ့အထိ
ကျနော့် ရင်တွေ ဗလောင်ဆူနေပြီလေ။