Zawgyi Version
" ဒီနေ့ စတေးခံရောက်မယ်တဲ့နော်"
"အင်း"
"ဟယ် Kokonoe sama စိတ်မဝင်စားတဲ့ပုံပဲ အရင်လို တက်ကြွမှုမရှိပါလား"
"နေစမ်းပါ သွား နားငြီးတယ်"
"ဟုတ်ကဲ့ အမိန့်တော် အတိုင်းပါဗျား "#########################################
ကျွန်တော် လှမ်းမြင်နေရတဲ့ လှည်းပေါ်က မြင်ကွင်းက စောစောကနဲ့မတူပြောင်းလည်းလို့သွားပြီ! အိမ်တွေ အဆက်ဆက်မြင်နေရသည့်ကြားက အခုတော့ သစ်ပင် ဝါးပင်တို့နှင့်ပြည့်လို့! မြို့လမ်းမကျယ်ပေါ် ငြိမ်သက်စွာပြေးလွှားနေခဲ့သည့်လှည်းက အခုတော့ မညီမညာ တောလမ်းကျဉ်းမြောင်းမြောင်းပေါ် ခုတ်မောင်းလို့နေသည်! တချက်တချက် ချိုင့်ထဲဖြတ်မောင်းရတဲ့ လှည်းပေါ်က ကျွန်တော်လည်း ဇီးဖြူသီး စကောထဲထည့်လှိမ့်သလိုပဲ! ဒါကို ကြည့်ချင်းအားဖြင့် မကြာမှီ ထိုနေရာသို့ရောက်တော့မည်ဆိုတာသိနိုင်သည်!ထိုနေရာ.............! ကျွန်တော်ရဲ့ နောက်ကျန်ရှိမယ့် သက်တမ်း ကုန်ဆုံးရမယ့်ထိုနေရာ.....!
*sigh*
သက်ပြင်း ခပ်ဖျော့ဖျော့ချရင်း ထိုင်ခုံနောက်ကို ခေါင်းလှန်မှီကာ ဖြေလျော့စွာထိုင်နေမိသည်!
*(စတေးခံ)
စိတ်ထဲမှာတီးတိုးရေရွတ်ရင်း ကျွန်တော်ရဲ့ အတွေးတို့က အတိတ်ကာလ တစ်ခုဆီသို့.....................
Shijou အိမ်တော်ရဲ့ အစဉ်အဆက်မပြတ် ကျိန်စာ တစ်ခုလို့ခေါ်မလား ထိုအိမ်တော်မှာမွေးဖွားတဲ့ သမီးမိန်းကလေးများအဖို့တော့ အသက် ၁၆နှစ်ပြည့်သည့်နေ့က ကံဆိုးမိုးမှောင်ကျသည့်နေ့ပင်! ထိုနေ့မှာ ထိုမိန်းကလေးရဲ့ ၁၆နှစ်ပြည့်မွေးနေ့ကို အစည်ကားဆုံး ကျင်းပ ကြသည်! မွေးနေ့ရှင် မိန်းကလေး ရဲ့မျက်နှာက အပျော်တွေနဲ့ ပြည့်နှက်နေရမည့်အစား မကြာမှီသေမိန့်ကျတော့မည့်သူလို! ဘာကြောင့်လည်း? စတေးခံဆိုတဲ့ စကားလုံးက ထိုမိန်းကလေးရဲ့ နှလုံးသားကို အပ်အစင်းတစ်ရာနဲ့ ထိုးနှက်လို့နေသည်! မွေးနေ့ပွဲပြီးဆုံးသည်နှင့် ထိုမိန်းကလေးက အလှပဆုံးသော ရိုးရာဝတ်စုံရှည်ကို ဝတ်ဆင်ကာ ထိုနေရာသို့ သွားရပေလိမ့်မည်! ထိုနေရာ.........! စတေးခံ မိန်းကလေးရဲ့ ကျန်ရှိမယ့် သက်တမ်းကုန်ဆုံးရမယ့်နေရာ! Kokonoe sama ရဲ့ ဘုံကျောင်းတည်ရှိရာ နေရာ! ထိုနေရာမှာ ထိုမိန်းကလေးရဲ့ သက်တမ်းတစ်လျှောက်လုံး အထီးကျန်စွာ တစ်ယောက်ထဲနေထိုင်သွားရမည်! ထိုနေရာမှ လက်ကျန်သက်တမ်းတစ်လျှောက်လုံး တဖဝါးမှ ခွာခွင့်မရှိ တစ်သက်တာ တစ်ကိုယ်တည်း အကျယ်ချုပ်ကျခြင်းနှင့်တူသည်! အထီးကျန်မှု ဝမ်းနည်းအားငယ်မှုတို့နှင့် ထိုမိန်းကလေးက သက်တမ်းရှည်စွာနေထိုင်နိုင်ပါ့မလား?
VOUS LISEZ
Love Legend
FanfictionA love story between a human sacrifice and a fox spirit! This is my own story~ Please enjoy ^ ^