Second day ( alittle bitter but sweet)

604 82 14
                                    

ပထမဆုံးရှူ တင်​စတဲ့​နေ့မှာပင်​....ကျွန်​မအမှား​တော်​​တော်​များများလုပ်​ခဲ့မိပါည်​......​နေ့လည်​အဆာ​ပြေစားချိန်​မှာ.... food truck က foodမ​လောက်​ဘူးလို့​ပြောရက်​နဲ့သူ့အတွက်​တစ်​ခုခုဝယ်​​ပေးဖို့ကိုကျွန်​မသတိမရခဲ့သလို.....​နောက်​ဆုံးရှူ တင်​ကူးချိန်​မှာAmericano ခါခါးတစ်​ခွက်​သူ​သောက်​တတ်​တာကျွန်​မမသိခဲ့ပါ....ဒါ​ပေမဲ့ကျွန်​မ​နေ့လည်​စာကိုသူ့ကို​ကျွေးခဲ့သလို....ကျွန်​မ capuchino သွားဝယ်​သည့်​အခါ...သူ့အတွက်​ americano တစ်​ခွက်​ပါဝယ်​လာ​ပေးခဲ့ပါသည်​...
်​လမ်းမှာ...ကျွန်​မခံစား​နေရ​သော​ဝေဒနာကို​တော့ကျွန်​မတစ်​​ယောက်​ထဲကပဲသိနိုင်​သည်​...ထင့်​...ဗန်​ကားထဲမှာ air con လွှတ်​ထား​ပေမဲ့...ကျွန်​မ​ချွေး​တွေပြန်​​နေခဲ့သည်​....အ​ပေါ်သွားနဲ့ဖိကိုက်​ထား​သော​အောက်​နှုတ်​ခမ်းမှာလည်းပြတ်​ထွက်​လုမတတ်​....ကျွန်​မအားယူပြီး...နာရီကိုကြည့်​​တော့... ည ဆယ်​နာရီပင်​ထိုးလု​နေပြီ.....မနက်​က ကား​ပေါ်မှာ​ကျွေး​သော...​ပေါင်​မုန့်​နဲ့ coffee အပြင်​...အခုနကမှ​သောက်​ထား​သော capuchino တစ်​ခွက်​ကလွဲ၍ကျွန်​မဗိုက်​ထဲဘာမှမ​ရောက်​​သေးပါ...နဂိုထဲကအစာအိမ်​​ရောဂါအခံရှိသူမို့..အခုလိုစားချိန်​မမှန်​သည့်​အခါ...ဝမ်းထဲမှာမီးစဖြင့်​ထိုး​ခံရသလို...ပူ​လောင်​...နာကျင်​လွန်းလှသည်​.......

"Violet...​နေမ​ကောင်းဘူးလား...."

ပြော လည်း​ပြောနဖူး​တွေကိုပါလက်​နဲ့စမ်းလာ​သော အမ yuen ကိုကျွန်​မခပ်​ယဲ့ယဲ့သာ..ပြုံးပြလိုက်​သည်​...

"​ချွေး​တွေလည်းပြန်​လို့... violet...ဒီ​လောက်​​အေး​နေတာကို...."

ကျွန်​မ​ခေါင်းခါပြလိုက်​ပြီး...kris ဆီလှမ်းကြည့်​​တော့...နားကြပ်​​တွေကိုနားမှာအုပ်​ပြီး​မှေး​နေတာ​တွေ့ရသည်​.....

နှစ်​နာရီ​လောက်​ပဲ..သည်းခံ violet...နှစ်​နာရီ​လောက်​ပဲ....

ကျွန်​မ back pack ထဲမှာအမြဲပါတတ်​သည့်​အဆာ​ပြေဘီစကစ်​ထုပ်​တစ်​ထုပ်​ကိုယူပြီး...ခပ်​သွက်​သွက်​ဝါးစားကာ....​ရေဘူးထဲက​ရေနဲ့​မျှောချလိုက်​သည်​....

The Ego Of A Hardcore Fan(Vember)Where stories live. Discover now