fourth day(duty)

528 74 9
                                    

Flesh back.....

"Violet ​ရေ... kris ကသူ့အခန်းထဲမှာဇာတ်​ညွှန်းစာရွက်​​တွေ​ကျန်​ခဲ့လို့တဲ့...တစ်​ချက်​တက်​ယူ​ပေးပါလား...အမ ​ခြေ​ထောက်​နာ​နေလို့..."

ရှူ တင်​သွားရ​တော့မှာမို့....အမ yuen လှမ်း​ပေးလာသည့်​​သော့တွဲကိုယူပြီး...​လှေကားထစ်​​တွေကို​ကျော်​ခွ​ပြေးတက်​ခဲ့သည်​....
နောက်​ကျ၍ မဖြစ်​...အချိန်​ဆိုတာမျိုးကပြန်​အစားထိုးလို့ရတဲ့အရာမျိုးလဲမဟုတ်​.....

အခန်း​ရှေ့​ရောက်​တာနဲ့​သော့တံကို လှည့်​ဖွင့်​ပြီး....kris ရဲ့ကုတင်​​​ခြေရင်းနား​လေးမှာတင်​ထားတဲ့စာရွက်​သုံး​လေးရွက်​ညှပ်​ထားသည့်​ဖိုင်​​ကိုယူကာချိုင်းကြားညှပ်​ပြီးထအထွက်​....
မျက်​လုံး​ထောင့်​စွန်းက​နေလှစ်​ခနဲမြင်​လိုက်​ရသည့်​အရာတစ်​ခုကကျွန်​မစိတ်​ကိုဖမ်းစားသွား​ခဲ့လေသည်​....

ခေါင်းအုံး​အောက်​က​နေတစ်​စွန်းတစ်​စထွက်​​နေသည့်​​ဘော့ပင်​တစ်​​ချောင်းညှပ်​ထားသည့်​စာအုပ်​တစ်​အုပ်​...
နည်းနည်း​တော့ထူသည်​...
Diary စာအုပ်​ဖြစ်​မှန်းရိပ်​မိ​ပေမဲ့....မဖတ်​ကြည့်​သင့်​မှန်းသိ​ပေမဲ့....ကျွန်​မဦး​နှောက်​ကကျွန်​မလက်​အစုံကိုထိန်းချုပ်​ဖို့မတတ်​နိုင်​..
ဤသည်​ကားမလုပ်​သင့်​​သောအရာဟု...ဦး​နှောက်​က​စေ့​ဆော်​ချိန်​တွင်​...ကျွန်​မစာမျက်​နှာအချို့ကိုဖတ်​ပြီးဖြစ်​သည်​....

အများအမြင်​မှာပွင့်​လင်းချင်​​ယောင်​​ဆောင်​ခဲ့​သော...ကျွန်​မ ၏ ge ge သည်​... ကမ္ဘာ့အသိုသိပ်​ဆုံးလူသားတစ်​​ယောက်​ဖြစ်​​နေမှန်းမ​မျှော်​လင့်​ပဲသိခွင့်​​ရခဲ့သည်​....ကျွန်​မစာအုပ်​ကိုအ​ယောင်​​ယောင်​အမှားမှားနဲ့ပြန်​ပိတ်​လိုက်​ချိန်​မှာ​တော့​...ပုလဲဥ​လေးတစ်​လုံးက...ကျွန်​မပါး​ပေါ်ကို​ကြောက်​လန့်​တကြား​ပြေးဆင်းသွား​လေရဲ့..အချစ်​ဆိုတာ...အမြဲတစ်​​ယောက်​​ယောက်​ကနာကျင်​ရတယ်​တဲ့လားဟင်​....
ဒါမှမဟုတ်​နှစ်​​ယောက်​လုံးနာကျင်​ရတာတဲ့လား....
အဲ့ဒီ့လိုနာကျင်​​နေတဲ့နှစ်​​ယောက်​ကို...​ငေးကြည့်​​နေတဲ့ကျွန်​မက​ကော.....

The Ego Of A Hardcore Fan(Vember)Where stories live. Discover now