2019
ကိစ္စတွေဖြစ်ပြီးတာအတော်ပင်ကြာပြီ။
Violet ကိုယ်တိုင်လည်း အလုပ်ပြောင်းဖြစ်သွားသည်။
ဒီတော့ ကြားထဲမှာ အဆက်အသွယ်တွေကပြတ်ကုန်သည်။ Chanyeol hyung လည်း ဖုန်းနံပါတ်ပြောင်းသည်ထင်ပါရဲ့ ထပ်ဆက်သွယ်လို့မရတော့။
အရာအားလုံးက ပုံမှန်အခြေအနေကိုပြန်ရောက်သွားသည်။ Violet ကိုယ်တိုင်လည်း သာမန် fangirl ပြန်ဖြစ်ခဲ့ပြန်သည်။ဒါပေမဲ့ သူတို့နှစ်ယောက်သတင်းတော့ Violet မလွတ်စေရ။
"Wait...A.C.E brand က ဆွဲ ကြိုးမို့လား''
ဖုန်းကြီးကို ကြည့်ရင်း Violet ထခုန်သည်။မျက်ရည်များပင် ဝိုင်းသည်အထိ လူးလိမ့်ပစ်လိုက်သည်။
Chanyeol hyung ရဲ့လည်ပင်းက ဆွဲ ကြိုးက gege ရဲ့ brand မှ gege ရဲ့ band အစစ်။
Violet သိတာမမှားပါ။
အဲ့ဒီ့နေ့က အလုပ်သွားတော့ လူကပေါ့ပါးသွက်လက်နေသည်။
Violet ရဲ့ သင်္ဘောကခုတ်မောင်းတုန်းဖြစ်သည်ကိုး။
အဲ့ဒီ့နေ့က
ရုံးစားပွဲ မှာထိုင်ရင်း desktop screen ကြီးကိုပြုံးပြုံးကြီးကြည့်သည်။ Translate ရမည့် Article အပုံလိုက်ကိုပင် Violet အလေးမထားအား အရင်လို အပျင်းလည်းမတစ်။ အရာရာတိုင်းကလှပနေသည်။
ပတ်ဝန်းကျင်မှာ လိပ်ပြာလေးတွေပျံဝဲနေသလိုလို။မျက်နှာထားအတည်ဆုံး team leaderသည်ပင် Violet ကိုကြည့်ရင်းထရယ်သည်အထိ။
" Violet..စိတ်ချမ်းသာစရာရှိလို့ လား..''
တစ်သက်နဲ့တစ်ကိုယ်ပြုံးဖူးသမျှထဲ အချိုမြိန်ဆုံးအပြုံးကို Violet ပေးရင်း ခေါင်းညိတ်ပြခဲ့ပစ်သည်။
မှတ်မှတ်ရရ...အဲ့ဒီ့တစ်ပတ်လုံးဟာစိတ်ချမ်းသာစရာတွေချည်းပြည့်နေသလိုပင်။
Order တင်ထားသည့် gege Fansite doll ကလည်းဆိုက်ဆိုက်မြိုက်မြိုက်ရောက်ချလာသည်။
Violet လည်း အဆိုပါ ကလေး ပိစိကွေးကိုသွားလေရာသယ်သည်။
သို့နှင့်...
သို့နှင့်ပေါ့....
အဲ့ဒီ့နေ့က Violet ကမ္ဘာပျက်သည်။
ကားပါကင်က လက်ဆွဲထားသည့် အနှီမိန်းမ..
ဘယ်သူလဲ...ဘယ်သူတဲ့လဲ။ခေါင်းကိုမိုးကြိုးတွေအစင်းတစ်ရာလောက်ပစ်ချကုန်သည်။
YOU ARE READING
The Ego Of A Hardcore Fan(Vember)
Fiksi PenggemarVember တစ်ယောက်ရဲ့အတ္တ... အတ္တတစ်ခုဟာဘယ်လောက်ထိများချို မြိန်နိုင်မလဲ...