Now we see

522 77 12
                                    

ကျွန်​မအခန်းကိုပြန်​လာတဲ့​ခြေလှမ်း​တွေဟာ...သိသိသာသာကို​နှေး​ကွေး​နေခဲ့တယ်​...
အခန်းတံခါးဖွင့်​လိုက်​ချိန်​မှာ​တော့...ကျွန်​မအတွက်​အမြဲစဉ်းစား​ပေးခဲ့တဲ့အမကအပြုံး​တွေနဲ့ဆီးကြို​နေတယ်​....ဒါ​ပေမဲ့ကျွန်​မမျက်​နှာမ​ကောင်းလို့်ထင်​ပါရဲ့...အမရဲ့အပြုံး​တွေကတဖြည်းဖြည်းအ​ရောင်​မှိန်​ကျသွားတာကို​တွေ့လိုက်​ရတယ်​.....

."violet....အမကို​ပြောဦး..ဘာဖြစ်​လာတာလဲမျက်​နှာလဲမ​ကောင်းဘူး....ငိုထားတာလားမျက်​လုံး​တွေမို့​နေတယ်​..."

ကျွန်​မဘယ်​လိုပြန်​​ဖြေရမည်​နည်း....အမက..model က wu yi fan မှန်းသိ၍ကျွန်​မကိုတယုံတကြည်​သတိတရနဲ့..ခုလိုအခွင့်​အ​ရေး​ပေးခဲ့တာ....ကျွန်​မဘယ်​လိုမျက်​နှာနဲ့ငြင်းဆန်​ရမည်​နည်း.....မတတ်​နိုင်​....sorry ပါအမ violet ဒီတစ်​ခါ​တော့ညာပါရ​စေ...

"မဟုတ်​ပါဘူးအမရဲ့...ညကအိပ်​တာများသွားလို့မျက်​လုံး​တွေမို့​နေတာ...မနက်​ထဲက..ဟီး..."

"​တော်​​သေး..အမကလန့်​သွားတာ...ဒါနဲ့..အလုပ်​ကိစ္စအဆင်​​ပြေတယ်​ဟုတ်​...."

"ဟုတ်​အမ...အမကိုအရမ်း​ကျေးဇူးတင်​ပါတယ်​..."

"မင်းလူ​နော်​...မင်း..လူ..​တွေ့တာနဲ့တန်းမိတ်​ဆက်​ပစ်​သိလား...:"

ကျွန်​မခပ်​မြူးမြူးရယ်​လိုက်​မိတယ်​....ဒါဘဝမှာစိတ်​ထဲကမပါပဲ...ပထမဆုံးဟန်​​ဆောင်​ရယ်​​မောခဲ့ခြင်းပါပဲ...ကျွန်​မမှာကျွန်​မကိုမှတ်​မိ​အောင်​မိတ်​ဆက်​ဖို့အခွင့်​အ​ရေး​တောင်​ရှိနိုင်​ပါ့မလား....

"ကဲအလုပ်​ကိစ္စ​တွေလဲပြီးပြီဆို​တော့...ဒီညတစ်​ညမြို့ပတ်​ပြီး​လျှောက်​လည်​ကြမယ်​...မင်းအလုပ်​ကသန်​ဘက်​ခါမှစမှာ​လေ..ဟုတ်​လား...အမမနက်​ဖြန်​ပြန်​မှာ..."

"ရှင်​...အမက...ပြန်​မှာ...ဒါဆို..."

"အိုမပူနဲ့ hair stylist ညီမ​လေးကိုအကူအညီ​တောင်းထားတယ်​...သူမင်းမပြန်​မချင်း..အခန်း​ဖော်​လုပ်​​ပေးလိမ့်​မယ်​...."

ကျွန်​မသက်​ပြင်းကိုဖွဖွ​လေးချလိုက်​မိတယ်​...

အဲ့ဒီ​နေ့ညက​တော့အမ​ကောကျွန်​မ​ကော...ကျွန်​မကို အ​ဖော်​လုပ်​​ပေးမယ့်​ hair stylist မမကို​ခေါ်ပြီး...တစ်​ညလုံးလည်​ခဲ့ကြတယ်​...ည​ဈေးတန်း​တွေ 24 နာရီဖွင့်​တဲ့ဆိုင်​​တွေ....စုံလို့...

The Ego Of A Hardcore Fan(Vember)Where stories live. Discover now