great good luck...or.....something?

653 93 11
                                    

ထင်​မထားခဲ့တဲ့အခွင့်​အ​ရေးတစ်​ခု​ကြောင့်​အရမ်း​ပျော်​မြူး​နေခဲ့တယ်​ဆိုရင်​ကျွန်​မလွန်​မလား...
မ​သေချာတဲ့ အခွင့်​အ​ရေးတစ်​ခု...beijingမှာ​နေတဲ့သန်းနဲ့ချီ​သောလူ​တွေထဲမှာ...ကျွန်​မသူ့ကို​တွေ့နိုင်​ဖို့ဆိုတာအရမ်း​သေး​ကွေးတဲ့အခွင့်​အ​ရေးတစ်​ခုပါ....ဒါ​ပေမဲ့ ကျွန်​မ​မျှော်​လင့်​​နေမိတယ်​.....ကျွန်​မကိုရူး​နေတယ်​လို့​ပြောလို့ရလား...

ခရီးမထွက်​ခင်​ညမှာ ကျွန်​မ suitcaseထဲကိုလိုအပ်​တာ​တွေထည့်​ရင်းကျွန်​မလက်​​တွေတုန်​​နေမိတယ်​....ကျွန်​မ print ထုတ်​ထားတဲ့ ky photo ​A4ဆို့ဒ်​​လေးကို suit case အတွင်းမှာစက္ကူ tape ​လေးနဲ့ကျွန်​မကပ်​လိုက်​တယ်​...ဒါကျွန်​မအဝတ်​အစားထည့်​တိုင်းလုပ်​​နေကျပါ.....
နောက်​...ပြန်​ကြည့်​​လေ့ရှိတဲ့ variety show ​တွေ happy camp အ​ခွေ​တွေ နှစ်​​ခွေ​လောက်​ကိုကျွန်​မအဝတ်​​တွေကြားထဲထိုးထည့်​လိုက်​တယ်​...
နောက်​ fan shirt ​တွေ...pc ​တွေ​တောင်​အဆစ်​ပါလိုက်​​သေး...
back pack ကအစ exo logo နဲ့...
ကျွန်​မလုပ်​သမျှကိုအစအဆုံး​ဘေးက​နေကြည့်​​နေတဲ့ကျွန်​မ​မောင်​အ​တော်​​လေးအမြင်​ကတ်​လာတယ်​ထင်​ပါရဲ့်​....

"မမ...နင်​အလုပ်​ကိစ္စနဲ့သွားမှာလား...ဟို exo ကအကိုကြီး​တွေ concert သွားကြည့်​ဖို့သွားမှာလား...ဟင်​..ငါကြည့်​​နေတာ...နင့်​အလုပ်​နဲ့ပတ်​သတ်​တာလဲဘာမှမထည့်​ရ​သေးဘူး...ဟို photo card ​တွေက​ကောနင်​ဘာလုပ်​ဖို့လဲ..."

"အလွမ်း​ပြေကြည့်​ဖို့...."

"ဟင်​..နင့်​ ph ထဲမှာပုံ​တွေမှအများကြီးရယ်​...ပြီး​တော့အ​ခွေ​တွေ​ရော...နင်​အလုပ်​မှာ TV ကြည့်​မို့လား....​မေ​မေက​ပြောတယ်​​နော်​...အလုပ်​နှစ်​ခုတစ်​ပြိုင်​ထဲမလုပ်​ရဘူးတဲ့...."

ဘေးက ​နေ ပွစိပွစိလာလုပ်​​နေတဲ့​မောင်​ဖြစ်​သူကိုကျွန်​မမျက်​​စောင်းတစ်​ချက်​ထိုးလိုက်​တယ်​....
"က​လေးကက​လေးလိုမ​နေဘူး..."

"ဟင်​..မမကလဲ..သားက​စေတနာနဲ့​ပြောတာ...အဲ့ exo logo နဲ့ဟာကြီးမလွယ်​သွားနဲ့...ဟိုအမည်း​လေးလွယ်​သွား...style ကျတယ်​..."

The Ego Of A Hardcore Fan(Vember)Where stories live. Discover now