My Tears.....4

947 89 5
                                    


'Yoona'...

' ဟင်​??...'

yoona နဲ့စာအတူလုပ်ရင်း..
ခနစိတ်အပန်းဖြေဖို့ လမ်းလျှောက်ထွက်လာတာ ဖြစ်သည်။ည​နေခင်းဘက်​ မီး​ရောင်​စုံ​လေး​တွေနဲ့
လင်းထိန်ေ​​နပြီဖြစ်​တဲ့ ပန်းခြံထဲက ခုံလေးပေါ်ထိုင်လိုက်ရင်း..Yuri က ခေါ်​တော့
Yoona က လှည့်မကြည့်ဘဲ ထူးလိုက်သည်။

Yul - နောက် တပတ်ကျရင်..
ကျောင်းက ရေကူးပြိုင်ပွဲမှာ ငါဝင်ပြိုင်မှာ..

Yoon - imm..

Yul - အဲ့ဒါ နင် လာနိုင်မလား...
ဟို..နင် ..အားမှပါ...

Yuri အသံက စကားအဆုံးမှာ မဆိုစ​လောက်​​လေး
တိမ်​၀င်​သွားသည်​။ မ​တော်​လို့ Yoona သာ ငြင်းလိုက်​ရင်​ ဆိုသည့်​ စိတ်​က Yuri ကို ဒုက္ခ​ပေးလို့​နေသည်​။ဒါ​ပေမဲ့
Yoona က သူ့ဘက်​လှည့်​လာပြီး...

Yoon - အင်း..ငါလာခဲ့ပါ့မယ်..

Yul - တကယ်နော်..
ငါ.မျော်နေမှာနော်...

Yoona က ပြုံးပြီးခေါင်းငြိမ့်ပြလိုက်တော့..
Yuri မှာ အသက်ရှူဖို့ ပင် မေ့သွားသလိုပင်​။
Yoona..ပြုံးလိုက်ရင် အရမ်းလှတာပဲ..
ပြီးတော့ ဒါပထမဆုံးအကြိမ် yoona
သူ့ကို ပြုံးပြတာ ဖြစ်သည်။
ညပေမဲ့ လမ်းမီးရောင်အောက်မှာ
Yoonaရဲ့ အပြုံးကို ထင်ထင်ရှားရှားမြင်နေရသည်။

ဒုတ်ဒုတ်..ဒုတ်ဒုတ်..

Yuri*oh my..ငါရင်တွေ အရမ်းခုန်နေပါလား..*

ပြီးတော့ yoona ကို ကြည့်နေတာ ကြာသွားမှန်းသိတော့.. ကိုယ့်ဟာကိုယ်
မလုံမလဲဖြစ်ပြီး..ချောင်းဟန့်လိုက်သည်​။..

Yul -ဒါ.ဒါဆို..ပြန်ရအောင်လေ..
အန်တီ မျှော်နေတော့မယ်..

Yoon - အင်း..သွားမယ်လေ...

ခုန်နှုန်းမြန်နေဆဲ နှလုံးသားကြောင့်
Yuri'l .'Im Yoona..နင့်ကြောင့် ငါလဲ ရူးတော့မှာပဲ '...

.....................

'ဒီနေ့ရဲ့ winner ကတော့...X-Teen Gp ဖြစ်ပါတယ်'...

YaY!!!..........

Hyoyeon တို့အဖွဲ့ကတော့ winner
အနေနဲ့ စင်ပေါ်တက်ပြီးဆုတက်ယူတော့..
Yuri တို့က အောက်ကနေ..အော်ဟစ်ကာ အားပေးသည်။
အော်တာကတော့ sooyoung ပေါ့..
Yuri နဲ့ Yoona ကတော့ လက်ခုပ်တီးရင်း သူငယ်ချင်းကို ဂုဏ်ပြုသည်။

My TearsWhere stories live. Discover now