My Tear......9

785 73 11
                                    

Yuri တစ်ယောက် ပြင်ဆင်ရင်း
ပါးစပ်ကလည်း ပွစိပွစိနဲ့ ရေရွတ်နေသည်။

Yul - ဒီဟာလား..မဟုတ်သေးပါဘူး..
ဒီဟာဆိုရင်ရော?
အား..စိတ်ရှုပ်လာပြီ..

Yul - eiii~

ခုမှ ကြည့်မိသည်။
အခန်းတခုလုံးလည်း သူ့အ၀တ်အစားတွေနဲ့ ပျံ့ နှံ့  လို့။

သူမ အလိုမကျစွာ နှခမ်းစူလိုက်ရင်း..
Yul - အင်္ကျီလေးရွေးဖို့ ဘာလို့အဲလောက်ခက်နေရတာလဲ..

နောက်ဆုံး ၀တ်နေကျဖြစ်တဲ့
ဂျင်းpant လေးဝတ်ပြီး ရှပ်အင်္ကျီအဖြူ
ပေါ်မှာ ဂျင်းကုတ်လေး ထပ်လိုက်တော့..
လုံးဝကို စတိုင်ကျသွားပြီပေါ့..
ပြီးတော့ အိတ်လေးလွယ်ကာ..
အိမ်က ထွက်ခဲ့သည်။

သူမ တံခါးဖွင့်ပြီး ၀င်လာတော့..
Sohee က တစ်ယောက်တည်းကစားနေရင်း..

So - unnie?..

Yul - sohee ah..

So -unnie ..chaw နဲ့ ဆော့မလို့လားဟင်..

Yul - အမ်?..အဲ..ဟို..
Unnie ကYoona နဲ့ သွားစရာရှိလို့..
နောက်မှ လာဆော့ပေးမယ်လေ..နော်..

So - nae..

'Yuri..'

Yuri လှည့်ကြည့်လိုက်တော့.
အသက်ရှုဖို့တောင် ခဏမေ့သွားကာ
Yoona မှာတော့ သူမကိုစိုက်ကြည့်နေတဲ့
Yuriကြောင့် ရှက်သွေးဖြာလာရသည်။

Yoona မှာ ရှပ်အင်္ကျီ ပန်းရောင်လေးကို
အပေါ်ကနေ ဂျင်းကုတ်ထပ်ထားပြီး
ဂျင်းpant အတိုလေးက သူမရဲ့
လှပတဲ့ပေါင်တံကိုပေါ်လွင်စေနေသည်။

Yoon - အာ..ဒါဆို..သွားတော့မလား..

ဘယ်တုန်းက သူမရှေ့ကို Yoona ရောက်လာလဲဆိုတာ မမှတ်မိတော့။
Yoona အသံကြားမှ အသိပြန်ဝင်လာကာ

Yul - အင်..သွား..သွားမယ်လေ..

စကားတွေလဲ အထစ်ထစ်အငေါ့ငေါ့နဲ့။
စကားကို ဘယ်လိုပြောရမလဲဆိုတာတောင်
မေ့နေသလိုပင်။

Bus ဆီကိုလျှောက်လာရင်း..
YY - ဟို..

စကားတူသွားပြန်တော့ နှစ်ယောက်သား
ရယ်မိပြန်သည်။

Yul - Yoong အရင်ပြော..

Yoon - ဘယ်သွားမှာလဲ မေးမလို့ပါ..

My TearsWhere stories live. Discover now