မိုးစက်လေးတွေကတဖွဲဖွဲကျနေပေမဲ့
သူမ ထီးမဖွင့်တော့ဘဲ စာကြည့်တိုက်ဘက် ခေါင်းပေါ်လက်လေး မိုးကာ ပြေးလာခဲ့သည်။
ဘေးက လူတွေ အတွက်တော့ အထူးအဆန်းပေါ့။
စာကြည့်တိုက်ထဲဝင်လာတော့
အင်္ကျီ လက်မှာ စိုနေတဲ့ ရေစက်တွေကို
အနည်းငယ်ပုတ်ခါရင်း..
စာအုပ်စင်တွေဘက်ကို ထွက်လာခဲ့သည်။လိုအပ်တဲ့စာအုပ်အနည်းငယ်ယူပြီး
စားပွဲတခုဆီ ထိုင်ကာ စာလုပ်နေလိုက်သည်။နောက် သူမရှေ့ရောက်လာတဲ့ အအေးဘူးကြောင့်
ရှေ့ကသူကို ကြည့်လိုက်တော့...'တခါတလေ လည်း နားပါဦး..
စာပဲ အရမ်းကြိုးစားနေလို့'.Yuri သူမကိုပြုံးပြလိုက်ပြီး..
Yul - ကျေးဇူးပဲ..NaNa..
ငါ နောက်တခါ စာမေးပွဲအတွက်
ကိုယ့်ကိုကိုယ် အားမရသေးလို့..နင်လဲ စာလာလုပ်တာလား..Na - အင်း..ငါနင်နဲ့ အတူလုပ်လို့ရမလား..
Yul - ရတာပေါ့..ငါတောင် အဖော်ရသေးတယ်..
Nana က ပြုံးပြီး..သူမစာအုပ်တွေ
ထုတ်ကာ Yuri ရှေ့
ဝင်ထိုင်လိုက်သည်။စာလုပ်ပြီး စာကြည့်တိုက်က ထွက်လာတော့ .
မိုးက ခုနကထက် ပိုသည်းနေလို့ထီးဖွင့်လိုက်သည်။
သူမ NaNa ကို လှမ်းကြည့်တော့...မသွားသေးဘဲ ရပ်နေသည်။..Yul - ထီးမပါဘူးလား..
Na - aw..
Yuri က သူမထီးကိုမိုးပေးရင်း..
Yul - ငါနဲ့ အတူဆောင်းမလား..Na - ရပါတယ်.. ငါပြေးသွားလိုက်မယ်.
Yul - လာပါဆို..ငါလိုက်ပို့ပေးမယ်..
Yuri ကNaNa ပခုံးက
ိုဖက်လိုက်ကာ လက်တဖက်က
ထီးကို ကိုင်ထားရင်း..
မိုးခိုလို့ရတဲ့နေရာကို ပြန်ပြေးလာသည်။Yul - ဟူး..ရောက်ပြီ..အိုး..
နင့်ဆံပင်တွေ ရေစိုကုန်ပြီ..sorry ဟာ
ငါမသိလိုက်ဘူး..ပြောရင်းနဲ့ NaNa ရဲ့ ဆံပင်တွေကို
လက်ကိုင်ပုဝါလေးနဲ့
သုတ်ပေးနေသည်။
NaNa ကတော့ ဘာမှ မပြောဘဲ
သူမရှေ့က Yuri ရဲ့
မျက်နှာလေးကိုသာ ငေးကြည့်နေသည်။ပြီးတော့ Yuri က သူမထီးကို
NaNa လက်ထဲ ထည့်ပေးပြီး..Yuri - ယူထားလိုက်..အိမ်က ကားလာကြိုမှာဆိုတော့..
ငါက ဒီက bus စီးသွားလိုက်ရင်
အိမ်နဲ့နီးနီးလေးပဲ....
နင်က စောင့်ရဦးမှာ မလား..